အားလုံးသိကြတဲ့ ဒါရိုက်တာ သည်ခေတ်နေကတော့ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတဲ့အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ဒါရိုက်တာသည်ခေတ်နေဟာ ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ပြီး လူထုလှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ က နဲ့ တရားစွဲခံထားရပြီး လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေတာလည်း ဖြစ်ပါတယ်၊၊

ဒါရိုက်တာသည်ခေတ်နေဟာ လွတ်မြောက်နယ်မြေရောက်ရှိနေပေမဲ့လည်း တော်လှန်ရေးမှာ ကျရာနေရာကနေ အကောင်းဆုံးတော်လှန်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။


ဒါရိုက်တာသည်ခေတ်နေဟာ ဒီတစ်ခေါက် မှာတော့ သူရဲ့လူမှုကွန်ယက်ပေါ်ကနေ အရင်ကဆို ဆိုတဲ့ ကဗျာလေး ဝေမျှလာခဲ့ပါတယ်။သူဟာ အရင်ကဆို ပိုက်ဆံမရှိရင် လုံးဝမနေတတ်သူတဲ့သူက အခုလက်ထဲမှာ တစ်ပြားမှ မရှိလည်း နေတတ်သွားပြီလို့ ဆိုပါတယ်။အရင်က အိုင်ဖုန်းအသစ်ထွက်ရင် မဝယ်ရမနေနိုင်ခဲ့ပေမဲ့လည်း အခုတော့ ဖုန်းအစုတ်လေးကိုပဲ သရေကြိုးတင်းအောင် ကိုင်ဆိုပြီ နေတတ်ခဲ့တဲ့အပြင် အရင်က ကားလေးမောင်းပြီး အမြဲလမ်းသလားချင်တဲ့သူက အခုဆိုရင် တောလမ်းလေးမှာ သူ့အနေနဲ့ လမ်းလျှောက်နေရတာကို ကျင့်သားရလာပြီလို့ဆိုပါတယ်။

ညနေတိုင်း ဘီယာဆိုင်လေးထိုင်လိုက်ရမှ အရသာတွေ့တတ်တဲ့သူ့အနေနဲ့ အခုဆိုရင် တောအရက်လေးနဲ အူဆိုတတ်လာသလို အပေါင်းအသင်းမင်ပြီး သူငယ်ချင်းအများကြီးရှိတဲ့သူက အခုတော့ မိတ်ဆွေလက် ၃ ချောင်းလောက်နဲ့ပဲ အဆင်ပြေနေတယ်လို့ဆိုပါတယ်။အရင်ကဆို ရုပ်ရှင်အကြောင်းပဲ အမြဲတွေးနေခဲ့တဲ့သူက အခုတော့ နိုင်ငံရေးစာအုပ်တွေကိုပဲ ရွေးဖတ်တတ်လာတယ်လို့ရေးသားထားပါတယ်။သူ့အနေနဲ့ အရင်ကဆိုရင် ရိုက်ကွင်းမှာ ဘုရင်လုပ်ခဲ့သမျှ အခုတော့ ဘယ်သူကပဲ ခိုင်းခိုင်း ဘယ်နေရာကနေပဲ ဖြစ်ဖြစ် ကိုယ်တိုင်ဖြတ်လျှောက်ဖြစ်လည်းပဲ တာဝန်ကျေတတ်လာပြီလို့ ဆိုပါတယ်။ ဒါရိုက်တာသည်ခေတ်နေဟာ အတိတ်ဟာ မနေ့ကပဲ ဖြစ်ဖြစ် မဖြစ်ဖြစ် မနက်ဖြန်အတွက်ကိုတော့ ဒီနေ့ဖြစ်အောင် နေတတ်ခဲ့ပါပြီလို့ ရေးသားခဲ့တာကို ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

