ရွှေမင်းသား​လေးချစ်ပုံပြင်ဇာတ်လမ်းတွဲမှာ ဆိုရှယ်မီဒီယာ အကောင့်ဖျက်လိုက်ရတဲ့အထိဝေဖန်ခံခဲ့ရတယ်ဆိုတဲ့Ju Ji Hoon

//s9.kh1.co/4e/4eda476a0e2af71f58855dbea9e540f355975acc.jpeg
အနုပညာရှင်များ

 ၁၅-နို-၂၀၂၁ ၁၀am · လွန်ခဲ့သော ၄ နှစ် က

ရွှေမင်းသား​လေးချစ်ပုံပြင်ဇာတ်လမ်းတွဲမှာ ဆိုရှယ်မီဒီယာ အကောင့်ဖျက်လိုက်ရတဲ့အထိဝေဖန်ခံခဲ့ရတယ်ဆိုတဲ့Ju Ji Hoon

Princess Hours တောင်ကိုရီးယား ဇာတ်လမ်းတွဲလေးဟာမြန်မာပြည်သူတွေကြားမှာ ရွှေမင်းသားလေးချစ်ပုံပြင်လို့ လူသိများတဲ့ ဇာတ်လမ်းတွဲလေးပါ။ဇာတ်လမ်းဖွဲ့စည်းပုံလေးအဝတ်အစားအပြင်အဆင်နဲ့ သရုပ်ဆောင်တွေရဲ့ ကျွမ်းကျင်မှုကြောင့်အရမ်းကို အောင်မြင်မှုတွေရရှိခဲ့တဲ့ ဇာတ်လမ်းတွဲပါ။ 

Google
Google

Princess Hour ဇာတ်လမ်းတွဲပြသနေစဉ်ကာလမှာဆိုရင်မင်းသားJu Ji Hoon  ဟာ အရမ်းကို ဆိုးရွားလွန်းလှတဲ့ဝေဖန်မှုတွေရရှိခဲ့ပါတယ်။အထူးသဖြင့်သူ့ရဲ့အသားအရောင်နဲ့ပတ်သတ်ပြီး ဝေဖန်ခံရတာပါ။ပရိသတ်တွေက မင်းသားJu Ji Hoon ဟာ အသားအရမ်းမဲတာကြောင့်မင်းသားတစ်ပါးနဲ့ မတူဘူးလို့ ပြောကြပါတယ်။

Google
Google

Princess Hour စတင်ရိုက်ကူးစဉ်က မင်းသားJu Ji Hoon ရဲ့ပွဲဦးထွက်ဖြစ်တာကြောင့်အခု အချိန်လောက်နာမည်မကြီးသေးပါဘူး။အဲဒီအချိန်တုန်းက အရမ်းကိုဆိုးရွားစွာဝေဖန်ခံရမှုတွေကြောင့်Ju Ji Hoon တစ်ယောက်သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်ကိုတောင်ဖျက်ပစ်လိုက်ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

Google
Google

ဒီအကြောင်းကိုမင်းသားJu Ji Hoon ကtvN ရဲ့အစီအစဉ်တစ်ခုဖြစ်တဲ့“You Quiz on the Block” အစီအစဉ်မှာပြောခဲ့တာပါ။Princess Hours ဟာ အရမ်းကိုနာမည်ကြီးတဲ့Comic စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာကြောင့်ပရိသတ်တွေအနေနဲ့လည်း သရုပ်ဆောင်တွေရဲ့ရုပ်ရည်သွင်ပြင်ကို အရမ်းကို မျှော်လင့်ထားကြတာပါ။ဒါကြောင့်မင်းသားJu Ji Hoon အနေနဲ့ဝေဖန်ခံရမှုတွေ အရမ်းများခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ 

Google
Google

"လူတော်တော်များများက ကျွန်တော့်ကိုမကြိုက်ခဲ့ကြဘူးဗျာ.. သူတို့ကျွန်တော့်ကိုမကောင်းတဲ့ မှတ်ချက်တွေ ပေးကြတယ်။အထူးသဖြင့်ကျွန့်တော့်ဆိုရှယ်မီဒီယာအကောင့်အောက်မှာလာဝုန်းကြတာ"

- Ju Ji Hoon

Google

မကောင်းတဲ့မှတ်ချက်တွေအများကြီးရလာတာကြောင့်Ju Ji Hoon တစ်ယောက်ဆိုရှယ်မီဒီယာကိုတောင်မသုံးရဲတော့ပဲဖျက်ပစ်ခဲ့ရဖူးတယ်လို့ဆိုပါတယ်။ 

တစ်ချိန်ကဝေဖန်ခံရမှုတွေအရမ်းကိုများခဲ့ပေမယ့်အခုအချိန်မှာတော့Ju Ji Hoon ဟာ အရမ်းကိုအောင်မြင်နေတဲ့သရုပ်ဆောင်ဖြစ်လို့နေပါပြီ။ပရိသတ်တွေအနေနဲ့လည်း "အသားမဲတော့ပတ္တမြားခဲ" ဆိုတာကို မသိခဲ့ကြလို့ဝေဖန်ခဲ့ကြတာဖြစ်ပါလိမ့်မယ်။အခုအချိန်မှာတော့ တစ်ချိန်ကအမှတ်တရဆိုးများဟာJu Ji Hoonအတွက်အတိတ်တစ်ခုသာဖြစ်သွားခဲ့ပါပြီ။ 

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T