သားသားလား မီးမီးလား မသိသေးပေမယ့် နှလုံးစခုန်နေပြီဖြစ်တဲ့ သူတို့ရဲ့ရင်သွေးလေးကိုကြည့်ပြီး ချစ်အားတွေပိုနေရတဲ့ ဘုန်းလျှံ

//s9.kh1.co/34/343ca2a5e451522a9a034d5ec4017b8776766ede.jpg
အနုပညာရှင်များ

 ၁၂-နို-၂၀၂၁ ၉am · လွန်ခဲ့သော ၄ နှစ် က

.

သဘာဝမင်းသားလို့တောင် ချစ်တဲ့ပရိသတ်တွေက ခေါ်တတ်ကြတဲ့ ဘုန်းလျှံ ကတော့ အောင်မြင်မှုရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပါ။ လက်ရှိအချိန်ထိလည်း အနုပညာအလုပ်တွေလည်း လုပ်ကိုင်နေသလို ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကိုလည်း တစ်ဖက်တစ်လမ်းက လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို မကြာသေးခင်ကမှ တည်ဆောက်ထားပြီး ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေထိုင်နေတာပါ။

Photo Credit- Bhone Hlyan
Photo Credit- Bhone Hlyan
Photo Credit- Bhone Hlyan
Photo Credit- Bhone Hlyan

ချစ်ဇနီးလေးကလည်း ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ပီသတာကြောင့် နေနဲ့လ၊ရွှေနဲ့မြလို အရမ်းလိုက်ဖက်ညီနေပြီး သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံတွေပဲ ဖြစ်ပါတယ်။ စိတ်တူကိုယ်တူ သာယာတဲ့ အိမ်ထောင်ရေးရရှိပိုင်ဆိုင်ထားတဲ့ ဘုန်းလျှံတို့ ဇနီးမောင်နှံနှစ်ယောက်ကိုလည်း ပရိသတ်တွေကလည်း ချစ်ခင်အားကျနေရတာ ဖြစ်ပါတယ်။ ဝမ်းသာစရာကတော့ ဘုန်းလျှံဟာ မကြာခင်မှာ ဖခင်ကောင်းတစ်ယောက်အနေနဲ့ ပရိသတ်တွေ မြင်တွေ့နေရတော့မှာပါ။

Photo Credit- Bhone Hlyan
Photo Credit- Bhone Hlyan
Photo Credit- Bhone Hlyan
Photo Credit- Bhone Hlyan

ယခုမှာလည်း ဘုန်းလျှံက မကြာခင် မိသားစုဘဝထဲ ရောက်လာတော့မယ့် သူတို့ ရင်သွေးလေးဟာ နှလုံးစခုန်အသက်ဝင်လာပြီဖြစ်လို့ ယခုကတည်းက အချစ်ပိုနေရကြောင်းကို ဖော်ပြလာခဲ့ပါတယ်။" ဒီတစ်ခါတော့ ကလေးက နှလုံးစခုန်ပြီး အသက်ဝင်ပါပြီဗျာ...သားသားလားမီးမီးလားမသိသေးပေမယ့် ပါးပါးကအရမ်းချစ်နေပြီကလေးရေ...."ဆိုပြီး ကြည်နူးစွာ ရေးသားထားတာတွေ့ရပါတယ်။ မကြာခင် မိသားစုထဲရောက်လာတော့မယ့် ကလေးကို ယခုကတည်းက အချစ်ပိုနေတဲ့ ဘုန်းလျှံကိုတော့ ပရိသတ်တွေလည်း ထပ်တူကြည်နူးပျော်ရွှင်စေမှာတော့အမှန်ပါ။

Photo Credit- Bhone Hlyan
Photo Credit- Bhone Hlyan

သတင်း အရင်းအမြစ် Source - Bhone Hlyan

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T