သူမလို့ နာမည်ပေးထားတဲ့ပုံတူပန်းချီကားချပ်လေး လက်ခံရရှိလို့ ဝမ်းသာပီတိဖြစ်နေတဲ့ မြနှင်းရည်လွင်

//s9.kh1.co/45/451fb8c4585f2683ac010b10de1c9c6dc0b013e4.jpg
အနုပညာရှင်များ

 ၁၁-နို-၂၀၂၁ ၁၁am · လွန်ခဲ့သော ၅ နှစ် က

ပန်းချီကားလေးက လက်ရာမြောက်ပြီး အသက်ဝင်လိုက်တာ

င်းသမီးလေး မြနှင်းရည်လွင်ကိုတော့ မသိသူရှိသလောက်နည်းပါးမှာတော့ အမှန်ပါ။မင်းသမီးလေး မြနှင်းရည်လွင်ဟာ MRTV - 4 ကနေ ထုတ်လွှင့်ပြခဲ့တဲ့ အဆိပ်သွေးဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်တွေရဲ့ အားပေးမှုကို ပိုမိုရရှိလာခဲ့တဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit - Mya Hnin Yee Lwin's Facebook
Photo Credit - Mya Hnin Yee Lwin's Facebook

သူမရဲ့အပြစ်ပြောစရာမရှိလောက်အောင် လှပတဲ့ ရုပ်ရည်နောက်ပြီးတော့ သူမရဲ့ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိတ်သတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit - Mya Hnin Yee Lwin's Facebook
Photo Credit - Mya Hnin Yee Lwin's Facebook

မြနှင်းရည်လွင်ဟာ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။သူမဟာ လူထု လှုပ်ရှားမှုတွေမှာလည်း ရှေ့ကနေ တက်ကြွစွာ ပါဝင်ခဲ့တာကြောင့်  ၅၀၅ က နဲ့ တရားစွဲခံရပြီး တိမ်းရှောင်နေရသူတစ်ဦးလည်း ဖြစ်ပါတယ်။မြနှင်းရည်လွင်ဟာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး စစ်သင်တန်းတက်ကာ လက်နက်ကိုင်တော်လှန်နေတဲ့ သူရဲကောင်းအမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။မြနှင်းရည်လွင်ရဲ့ ရဲရင့်တဲ့စိတ်ဓာတ်ကို လေးစားပြီး သူမကို မြတ်နိုးတန်ဖိုးထားတာကြောင့် ဂုဏ်ပြုရေးဆွဲပေးကြတဲ့ ပန်းချီပညာရှင်များလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

Photo Credit - Mya Hnin Yee Lwin's Facebook
Photo Credit - Mya Hnin Yee Lwin's Facebook
Photo Credit - Mya Hnin Yee Lwin's Facebook
Photo Credit - Mya Hnin Yee Lwin's Facebook

ဒီတစ်ခါမှာတော့ မြနှင်းရည်လွင်အတွက်  နာမည်ကြီးပန်းချီဆရာတစ်ဦးဖြစ်တဲ့ ဆရာသစ္စာနီကိုယ်တိုင် သူမအတွက် ပုံတူပန်းချီကားလေး ရေးဆွဲပေးခဲ့ပါတယ်။ဆရာကြီးရေးဆွဲပေးခဲ့တဲ့ မြနှင်းရည်လွင်ပုံတူပန်ချီလေးဟာလက်ရာမြောက်ပြီး အသက်ဝင်လွန်းလှပါတယ်။ဆရာကြီးက ထို ပန်းချီပုံတူကားလေးကို သူမလို့ နာမည်ပေးထားသလို မြနှင်းရည်လွင်ကိုယ်တိုင်ကလည်း သူမအတွက် ရေးဆွဲပေးတဲ့ ပုံတူပန်းချီကားလေးအတွက် ကျေးဇူးတင်ကြောင်း လူမှုကွန်ယက်ပေါ်မှာ မျှဝေခဲ့တာကို ပရိတ်သတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T