(၁၂)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ ရိုးရှင်းလေးနက်တဲ့ စာလေးရေးပြီး အမှတ်တရဖြစ်စေခဲ့တဲ့ ညီနန္ဒ

//s9.kh1.co/43/43dfcbee60285ef193e2070862a6a520ab7015c3.jpeg
အနုပညာရှင်များ

 ၁၁-နို-၂၀၂၁ ၉am · လွန်ခဲ့သော ၄ နှစ် က

မင်္ဂလာ 'ချည်' ရတု မှ သည်သက်ဆုံးတိုင်.မိသားစု နဲ့အတူ..ပျော်ရွှင်ချမ်းမြေ့ပါစေ...

သရုပ်ဆောင်မင်းသား ညီနန္ဒကတော့ ကျရာဇာတ်ရုပ်မှာ ပီပြင်စွာသရုပ်ဆောင်နိုင်ပြီး သဘာဝကျတဲ့ ဇာတ်ပို့ကောင်း တစ်ယောက်လည်းဖြစ်ပါတယ်။ ​ညီနန္ဒကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို ရဲရဲရင့်ရင့်နဲ့ အင်တိုက်အားတိုက် ပြုလုပ်တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ညီနန္ဒက  စစ်ကောင်စီရဲ့  အမှုဖွင့်အရေးယူခြင်းခံထားရတာကြောင့် လတ်တလောမှာ အခက်အခဲတွေနဲ့ အန္တရာယ်တွေကြားက ရှောင်တိမ်းပုန်း ခိုနေရပြီးမိသားစုနဲ့ ခွဲခွာနေရတာပဲဖြစ်ပါတယ်။ 

Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc

သမီးတစ်ယောက်ပိုင်ဆိုင်ထားပြီဖြစ်တဲ့ သူတို့ဇနီးမောင်နှံ ရဲ့ဘဝလေးကအရမ်းကို ပြီးပြည့်စုံနေတာလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ ညီနန္ဒ  စုံတွဲလေးက မင်္ဂလာနှစ်ပတ်လည်သက်တမ်း (၁၂) နှစ်တိတိ ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၁၂) နှစ်ကဒီလိုအချိန်မှာ သူတို့ဇနီးမောင်နှံ က မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေး ထိုးပြီးအကြင်လင်မယား ဘဝကို ခံယူခဲ့ကြတာဖြစ်ပါတယ်။ 

Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc

(၁၂) နှစ်တိုင်အောင် ချစ်ခြင်းမေတ္တာတွေကို ခိုင်မာပြီးသာယာပျော်ရွှင်ဖွယ် ကောင်းတဲ့ မိသားစု ဘဝလေးကိုတည်ဆောက်နိုင်ခဲ့တဲ့ သူတို့စုံတွဲလေးက အင်မတန် အားကျချင်စရာကောင်းနေတာ ဖြစ်ပါတယ်။ ညီနန္ဒ ကတော့သူ့ရဲ့လူမှုကွန်ယက်ပေါ်ကနေ  "(11.11.09) > (11.11.21)

မဂ်လာသက်တမ်း (၁၂)နှစ် ပြည့်ခဲ့ပြန်ပြီ မိန်းမရေ...???" ဆိုပြီးမင်္ဂလာပွဲက အမှတ်တရ ပုံရိပ်လေးတွေနဲ့ရေးသားထားတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=883,q=100/da/da51f7f0471de7ac094bdf4a1f8eb00edc9f80cc.jpeg
Photo Credit - Nyi Nanda's Fb Acc<br><br>
Photo Credit - Nyi Nanda's Fb Acc

Source - Nyi Nanda's Fb Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T