အနုပညာနဲ့ပတ်သက်တာတွေ အရင်လို ဖော်ပြပေးတာမတွေ့ရလို့ မေးခွန်းထုတ်လာတဲ့ သူတချို့ကို ထိမိတဲ့စကားတွေနဲ့ ဖွင့်ဟလာခဲ့တဲ့ ဟဲဗီးဖြိုး

//s9.kh1.co/06/06e40b8a5577c2249157fa159da1f93c44e09783.jpg
အနုပညာရှင်များ

 ၁၀-နို-၂၀၂၁ ၁pm · လွန်ခဲ့သော ၄ နှစ် က

.

သရုပ်ဆောင် ဟဲဗီးဖြိုးကတော့ အနုပညာလောကမှာ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ် ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး အောင်မြင်မှုတွေအခိုင်အမာရရှိထားသူလေးပါ။ လက်ရှိအချိန်ထိလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိနေပေမယ့် လတ်တလော နိုင်ငံရေးအခြေအနေတွေကြောင့် အနုပညာနဲ့ပတ်သက်တာတွေကို ရပ်နားထားတာ တွေ့ရပါတယ်။

Photo Credit - Heavy Phyo
Photo Credit - Heavy Phyo
Photo Credit - Heavy Phyo
Photo Credit - Heavy Phyo

နွေဦးတော်လှန်ရေး အချိန်ကာလတွေမှာလည်း အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ပြည်သူတွေနဲ့ အတူ တစ်သားတည်းရပ်တည်ပေးခဲ့ပြီး တစ်ထောင့်တစ်နေရာကနေ တက်ကြွစွာ ပါဝင်ခဲ့ပါသေးတယ်။ ယခုမှာလည်း နိုင်ငံရေး အကျပ်အတည်းတွေ ဖြစ်နေတဲ့အချိန်ကာလမျိုးမှာ အရင်လို ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေရိုက်ကူးပြီး လူမှုကွန်ယက်မှာ မဖော်ပြတော့ဘူးလားလို့ မေးခွန်းထုတ်လာတဲ့ သူတချို့ကို ဟဲဗီးဖြိုးက ထိမိတဲ့စကားတွေနဲ့ ချေပပြောဆိုလာခဲ့ပါတယ်။

Photo Credit - Heavy Phyo
Photo Credit - Heavy Phyo

ဒီလို ဟဲဗီးဖြိုးရဲ့ လေးစားစရာ ဖွင့်ဟပြောဆိုချက်တွေကို ပရိသတ်တွေကလည်း ချီးကျူးပေးခဲ့ကြတာ တွေ့ရပါတယ်။ဒါ့အပြင် အနုပညာနဲ့ပတ်သက်တာလေးတွေကို နိုင်ငံရေးအခြေအနေပြီးဆုံးမှ ဖော်ပြပေးသွားမယ်လို့လည်း သိရပါတယ်။ အားပေးကြတဲ့ ပြည်သူတွေ ဒုက္ခအခက်အခဲ ဖြစ်ပေါ်နေချိန်မှာ အောင်မြင်မှုတွေကို ဘေးချိတ်ထားတဲ့ ဟဲဗီးဖြိုးရဲ့ ခံယူချက်တွေကတော့ တကယ့်ကို လေးစားစရာပါ။

https://s9.kh1.co/__image/w=600,h=1063,q=100/4a/4a0234beedd1729b64895da4f531517dcde2b38b.jpg

သတင်း အရင်းအမြစ် Source - Heavy Phyo

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T