အရေးတော်ပုံကြီးအောင်မြင်ရေးမှာ ပြည်သူအားလုံးတတ်နိုင်တဲ့ဘက်ကနေ ပါ၀င်နေကြသလို အနုပညာရှင်တွေနဲ့celeအချို့လည်း တက်ကြစွာပါ၀င်နေကြတာကို တွေ့ရပါတယ် ။ လူသိများတဲ့ celeတစ်ယောက်ဖြစ်တဲ့ ပန်ဆယ်လိုကလည်း အရေးတော်ပုံအောင်နိုင်ရေးမှာ တတ်နိုင်တဲ့ဘက်ကနေ ပါ၀င်နေတာဖြစ်ပြီး ဖမ်း၀ရမ်းထုတ်ခံထားရတဲ့သူလည်းဖြစ်ပါတယ်....။ပန်ဆယ်လိုဟာ လက်ရှိမှာဆိုရင် အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီဖြစ်ပေမယ့် တတ်နိုင်တဲ့ဘက်ကနေ အရေးတော်ပုံအောင်နိုင်ရေးအတွက် ကြိုးစားပမ်းစား ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ် ။


အောက်တိုဘာ (၂၉) ရက်နေ့က ချင်းပြည်နယ် ထန်တလန်မြို့မှာ လူနေအိမ်(၁၀၀)ကျော်လောက် မီးလောင်ဆုံးရှုံးခဲ့ရတဲ့ နေရာတွေအတွက် ကူညီလှူဒါန်းပေးဖို့ ပန်ဆယ်လိုက ကိုကျားပေါက်ရဲ့ Hand-drawn Tote bags လေးတွေကို လေလံဆွဲပေးနေတာဖြစ်ပါတယ်။ ဒီအိတ်လေးတွေကို Limited အနေနဲ့ (၁၀) အိတ်ပဲ ထုတ်ထားတာဖြစ်ပြီးကြမ်းခင်းစျေး $500 သတ်မှတ်ထားပါတာ ဖြစ်ပါတယ်။ (၁) အိတ်ကတော့ Bipolar Bear Page ကနေ မဲဖောက်ပေးမှာ ဖြစ်ပြီး (၉) အိတ်ပဲ ရောင်းချမှာ ဖြစ်ပါတယ်။ Hand-drawn Tote bags က Print ထုတ်ထားတာ မဟုတ်ဘဲလက်နဲ့ ရေးဆွဲထားတာဖြစ်ပါတယ်။

ထန်တလန် ရံပုံငွေအတွက် Hand-drawn Tote bags တွေ စ ဝယ်လို့ရတာ နဲ့ပတ်သက်ပြီး ပန်ဆယ်လိုကလည်းကူညီအားဖြည့်ပေးနေတာလဲ ဖြစ်ပါတယ်။ "အလှူငွေ အိတ်ပိတ်တင်ဒါပါ အမျိုးတို့။ လှူပေးမယ့်နေရာက ထန်တလန်အတွက်ပါ။ ကိုကျားပေါက်ရဲ့ Doodle Art Hand Drawing အိတ်ကလေးတွေပါ။ Limited အနေနဲ့ (၁၀) အိတ်ပဲထုတ်မှာပါ။(၁) အိတ်ကတော့ Bipolar Bear Page ကနေ မဲဖောက်ပေးမှာပါ။(၉)အိတ်ပဲ ရောင်းချမှာ ဖြစ်ပါတယ်။Print ထုတ်ထားတာ မဟုတ်ဘဲ လက်နဲ့ ရေးဆွဲထားတာပါ။ 001 ကနေ 010အထိ 10အိတ်ပဲ ရှိပါတယ်။ အခုပြထားတာကတော့ နမူနာတွေပါ။

ကြမ်းခင်းစျေး $500 သတ်မှတ်ထားပါတယ်။ လေလံသဘောမျိုး စျေးပြိုင်ပေးရမှာမျိုး မဟုတ်ပါဘူး။ မိမိ ပေးလိုတဲ့ အမြင့်ဆုံး စျေးနှုန်းကို တစ်ခါတည်းပြောပြီး အိတ်နံပါတ်နဲ့အတူ မက်ဆင်ဂျာမှာ ပေးပို့ရမှာ ဖြစ်ပါတယ်။ ဒီနေ့ည ၇:၃၀ ကနေ နက်ဖြန်ည ၇:၃၀အထိ ဖြစ်ပြီး ၇:၃၀အထိ လာပေးထားတဲ့ စျေးထဲက အမြင့်ဆုံးပေးသူက ရရှိမှာ ဖြစ်ပါတယ်။

လေလံလို ဘယ်လောက်စျေးအမြင့်ဆုံးပေးထားတယ်ဆိုတာ ကြေညာပေးနေမှာ မဟုတ်ဘဲ အချိန်ပြည့်တဲ့အခါအိတ်နံပါတ်တစ်ခုမှာ အမြင့်ဆုံး ပေးသူက ရရှိပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ ကိုကျားပေါက်ရဲ့ Doodle Art Ukulele လေးကတော့ မကြာသေးခင်ကမှ ကမ္ဘာ့အမြင့်ဆုံးလေလံကြေး ဒေါ်လာ27500 နဲ့ လေလံအောင်ထားတာ ဖြစ်ပါတယ်။ အခု အိတ်ပေါ်က Doodle Art လေးတွေဟာလည်း တစ်ချိန်မှာ နွေဦးတော်လှန်ရေးသမိုင်းဝင်အနုပညာလေးတွေ ဖြစ်လာနိုင်ပါတယ်။

အိတ်၉ လုံးက ရရှိငွေအားလုံးကို ထန်တလန်အတွက် ပြည်သူ့ကူညီငွေအဖြစ် ပေးပို့သွားမှာ ဖြစ်ပါတယ်။ လှူရင်းကူရင်း ချစ်ခင်ရတဲ့အနုပညာရှင်တစ်ယောက်ရဲ့ လက်ဖြစ်လက်ရာလေးကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။
စျေးနှုန်းပေးပို့ရမှာက ကျွန်မအကောင့်ရဲ့ Chat Box ပါ။ စာမပြန်ရင် ကောမန့်မှာ စာပို့ထားကြောင်း ပြောပေးပါနော်။
စလိုက်ကြရအောင်။" ဆိုပြီး ပြောထားတာ တွေ့ရပါတယ်။




Source : ပန်ဆယ်လို‘s Facebook Acc





