ကမ္ဘာ့အချောဆုံး အမျိုးသမီးအယောက် ၁၀၀ စာရင်းမှာ ပါဝင်လာတဲ့ Squid Game ထဲက မင်းသမီးလေး

//s9.kh1.co/1f/1f2fca56fc0dc717b61e32b108d38f06aba613d2.png
အနုပညာရှင်များ

 ၀၅-နို-၂၀၂၁ ၆pm · လွန်ခဲ့သော ၄ နှစ် က

၂၀၂၁ခု နှစ်က သူမအတွက်တော့ ကံအကောင်းဆုံးနှစ်လို့တောင်......

အားလုံးသိပြီးသားဖြစ်တဲ့ မင်းသမီးချောလေး Ho Yeon Jung ဟာ Netflix ကထုတ်လွှင့်တဲ့ Squid Game ဇာတ်ကားနဲ့ အောင်မြင်မှုရရှိလာခဲ့တဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။Squid Game ထဲမှာ သူမဟာ မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့ ဇာတ်ကောင်အနေနဲ့  သရုပ်ဆောင်ထားပြီး ၄၅.၆ ဘီလီယံကို ပိုင်ဆိုင်ဖို့ အသက်ကိုလောင်းကြေးထပ်ကစားရတဲ့  ကစားပွဲမှာ ကစားသမားအဖြစ်နဲ့ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Photo Credit - Google
Photo Credit - Google

သူမဟာ Squid Game ထုတ်လွှင့်ပြသပြီးနောက်ပိုင်းမှာ သူမရဲ့ Instagram Follower အဆ ၂၀ခန့်တက်လာခဲ့ပြီး Follower ၂၂ သန်းကျော်ဖြင့် Follower အများဆုံး မင်းသမီးတစ်လက်လည်း ဖြစ်လာပါတယ်။

Photo Credit - Google
Photo Credit - Google

မင်းသမီး Ho Yeon Jung ဟာ TC candler entertainment က ထုတ်ပြန်တဲ့ ၂၀၂၁ခုနှစ်အတွက် ကမ္ဘာ့အချောဆုံး အမျိုးသမီး ၁၀၀ ဆန်ကာတင် စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။TC candler entertainment ဟာ နှစ်စဥ်နှစ်တိုင်း ကမ္ဘာ့အချောဆုံးမျက်နှာပိုင်ရှင် အမျိုးသားနဲ့ အမျိုးသမီးစာရင်းကို သူတို့ရဲ့ Instagram ကနေ ထုတ်ပြန်ကြေညာလျက်ရှိပါတယ်။

Photo Credit - Tc candler Instagram
Photo Credit - Tc candler Instagram

မင်းသမီး Ho Yeon Jung အတွက်  ၂၀၂၁ ခုနှစ်က သူ့မအတွက် အောင်မြင်မှုတွေနဲ့အတူ ကံကောင်းခြင်းတွေ ရောက်လာတဲ့ နှစ်တစ်နှစ်လို့တောင် ဆိုရပါလိမ့်မယ်။Ho Yeon လေးရေ ဒီထက်မက အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo Credit - Google
Photo Credit - Google
Photo Credit - Google
Photo Credit - Google
Photo Credit - Google
Photo Credit - Google
Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T