ငယ်စဉ်ဘဝရဲ့အိမ်မက်ဖြစ်တဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမားဘဝ ကိုစွန့်လွှတ်ခဲ့ရပြီးနောက် မထင်မှတ်ပဲနိုင်ငံကျော်ရုပ်ရှင်မင်းသားဖြစ်လာခဲ့တဲ့ မင်းသားကြီး ကောလိပ်ဂျင်နေဝင်း

//s9.kh1.co/ee/ee8a99835cc0c5c94edd50758c1917d429f0f8d5.jpg
အနုပညာရှင်များ

 ၀၄-နို-၂၀၂၁ ၁၁pm · လွန်ခဲ့သော ၂ နှစ် က

တကယ်ကို ထူးချွန်တဲ့ အနုပညာရှင် မင်းသားကြီးကောလိပ်ဂျင်နေဝင်းဟာဆိုရင်.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

မင်းသားကြီး ကောလိပ်ဂျင်နေဝင်းလို့ဆိုလာရင်တော့ တစ်ချိန်တစ်ခါက ရုပ်ရှင်ရိုက်ကူးရာမှာ ထူးချွန်ပြောင်မြောက်တဲ့ အနုပညာတွေကြောင့်သော်လည်းကောင်း ၊ ဒိုင်ယာလော့ဂ်များကို ဟန်နှင့်မာန်ပါပါ ပြောဆိုတတ်တဲ့ သူ့ရဲ့ ဟန်ပန်များကြောင့် ပရိတ်သတ်များအကြားရေပန်းစားကျော်ကြားခဲ့တဲ့ အနုပညာရှင်တစ်ဦးအနေနဲ့ အောင်မြင်ခဲ့သူဖြစ်ပါတယ်။သို့ပေမယ့် သူဟာ ရုပ်ရှင်ပညာကို စိတ်ဝင်စားရာမှ ရုပ်ရှင်မင်းသားဖြစ်လာခဲ့တာမဟုတ်ပါဘူး။

Photo Credit From Original Uploader
Photo Credit From Original Uploader

သူဟာ ငယ်စဉ်ဘဝက ဘောလုံးအားကစားကို အလွန်ဝါသနာပါသူတစ်ဦးဖြစ်ပြီး ဘောလုံးအားကစားမှာထူးချွန်ခဲ့တဲ့အတွက် တက္ကသိုလ်ကျောင်းသားဘဝဖြစ်တဲ့ (၁၉၅၅)ခုနှစ်မှာ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်ဘောလုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။သူဟာ ရှေ့တန်းတိုက်စစ်မှူးအနေနဲ့ နိုင်ငံကိုယ်စားပြု ကစားခဲ့ရတာဖြစ်ပြီး ပြည်တွင်းပြည်ပ ပွဲပေါင်းစုံကို ထူးချွန်စွာ ပါဝင်ကစားခဲ့သူတစ်ဦးဖြစ်ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အကောင်းဆုံးဘောလုံးသမားထူးချွန်ဆုကို ရရှိခဲ့တဲ့အထိကို ထူးချွန်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

သို့ပေမယ့် မင်းသားဖြစ်ရန်အကြောင်းဖန်လာတဲ့အခါ ဆရာဇဝန ရဲ့ “ကောလိပ်ကျောင်းသား” ဝတ္ထုကို “ကောလိပ်ဂျင်”အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးမည့်အစီအစဉ်တွင် ဒါရိုက်တာက မင်းသားနေရာမှာ ကောလိပ်ကျောင်းသားအစစ်အမှန်ကိုသာ ထည့်သွင်းရိုက်ကူးချင်တဲ့ အတွက် လိုက်လံရှာဖွေရာမှ ဒါရိုက်တာဟာ သူ့ရဲ့ ဘောလုံးနည်းပြနှင့်တွေ့ဆုံခဲ့ပါတယ်။ထိုမှတဆင့် သူ့အနေနဲ့ အနုပညာလောကထဲစတင်ရောက်ရှိခဲ့တာဖြစ်ပြီး မင်းသားကြီး ကောလိပ်ဂျင်နေဝင်း ဘဝကို မထင်မှတ်ပဲ ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာပါရမီကြောင့် ထွက်သမျှရုပ်ရှင်တိုင်းဟာ အောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။ကောလိပ်ဂျင်နေဝင်းနဲ့ တွဲမြင်မိတဲ့ စကားတစ်ခွန်းလို့ဆိုလာရင်တော့ “ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပြောရမယ်ဆိုတော့ကား” ဆိုတဲ့  စကားလေးဖြစ်ပြီး ဒီစာသားလေးဟာ အခုချိန်ထိတိုင် ပရိတ်သတ်တွေကြားရေပန်းစားနေဆဲဖြစ်ပါတယ်။ပရိတ်သတ်တွေအနေနဲ့ မင်းသားကြီးကောလိပ်ဂျင်နေဝင်းအကြောင်းကို လေ့လာနိုင်စေရန် ရေးသားဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T