"Sad Tropics " Movie မှာ ပြန်လည်ပါဝင်သွားမယ့် မင်းသား Kim Seon Ho

//s9.kh1.co/a6/a654fae72f51d76ac12f7985e4ce2939e4b9b7d4.png
အနုပညာရှင်များ

 ၀၁-နို-၂၀၂၁ ၁pm · လွန်ခဲ့သော ၄ နှစ် က

"Sad Tropics " Movie မှာ ပြန်လည်ပါဝင်သွားမယ့် မင်းသား Kim Seon Ho

Home Town Cha Cha ဇာတ်ကားနဲ့ ပရိတ်သတ်တွေရဲ့ အားပေးမှုကို တစ်ခနဲရရှိခဲ့တဲ့ မင်းသား Kim Seon Ho ကတော့ Sad Tropics Movie မှာ ပြန်လည်သရုပ်ဆောင်သွားမယ်လို့ သူ့ရဲ့ အေဂျင်စီက အတည်ပြုပေးခဲ့ပါတယ်။

Photo Credit - Google
Photo Credit - Google

မင်းသား Kim Seon Ho ဟာ Home Town Cha Chaဇာတ်လမ်းတွဲနဲ့အောင်မြင်လာပြီးနောက်မှာ တစ်ဆက်တည်းမှာပဲ သူ့ရဲ့ရည်းစားဟောင်းပြဿနာပေါ်ပေါ်လာခဲ့ပါတယ်။သူ့ရဲ့ Fan တွေအတွက် လုံးဝအံ့သြသွားစေခဲ့ရပြီး မင်းသား Kim Seon Ho နဲ့ ကြော််ငြာရိုက်ကူးထားတဲ့ ကုမ္ပဏီတွေကပါ မင်းသားရဲ့ ပုံတွေကို ဖြုတ်ချခဲ့တဲ့အထိကို ဖြစ်သွားခဲ့ပါတယ်။

Photo Credit - Google
Photo Credit - Google

ယခုချိန်မှာတော့ အဖြစ်မှန်လည်း ပေါ်ပေါက်သွားပြီဖြစ်တာကြောင့်မို့ Kim Seon Ho နဲ့ရိုက်ကူးထားတဲ့ ကြော်််ငြာ ကုမ္ပဏီများလည်း Kim Seon Ho ပုံတွေကိုပြန်လည်တင်လာကြပြီ ဖြစ်ပါတယ်။ဒီလိုကောလဟာလတွေထွက်နေချိန်မှာ Kim Seon Ho ကို ချစ်ကြသူတော်တော်များများက သူ့ဘက်ကနေ အပြည့်အဝရပ်တည်ပေးခဲ့ပါတယ်။ "Sad Tropics " Movie မှာ အစက Scandal ကြောင့် Kim Seon Ho တစ်ယောက် ထွက်လိုက်ရမလိုဖြစ်သွားပေမဲ့လည်း ယခုမှာတော့ အမှန်တရားပေါ်ထွက်လာတာကြောင့် ဇာတ်ကားမှာ ပြန်လည်ပါဝင်မှာ ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

မင်းသမီးကတော့ GoAra ဖြစ်ပြီးဇာတ်လမ်းပုံစံကတော့  ကိုရီးယားလူမျိူးအဖေနဲ့ ဖိလစ်ပိုင်လူမျိုးအမေတို့က မွေးဖွားခဲ့တဲ့ လက်ဝှေ့သမားတစ်ယောက်အနေနဲ့ သရုပ်ဆောင်သွားမှာဖြစ်ပြီး သူ့တို့သားအမိကို စွန့်ပစ်သွားခဲ့တဲ့ အဖေကို ကိုရီးယားမှာ လာရောက်ရှာဖွေမယ့် ဇာတ်လမ်းလည်း ဖြစ်ပါတယ်။Sad Tropics ဇာတ်ကားကို ဒီဇင်ဘာလမှာ စတင်ရိုက်ကူးသွားမယ်လို့လည်း သိရှိရပါတယ်။Kim Seon Ho ပရိတ်သတ်တွေအတွက်တော့ ဒီနေ့က တော်တော်လေးကို ဝမ်းသာရမယ့်နေ့တစ်နေ့လည်း ဖြစ်မှာဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google
Photo Credit- Google
Photo Credit- Google
Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T