5 stars အဖွဲ့ရဲ့ ဟာသမင်းသားကြီးကိုကျင်ဝှက််ကို ကုသခွင့်ရခဲ့လို့ ဝမ်းသာပီတိဖြစ်​နေတဲ့ ထူးခန့်ကျော်

//s9.kh1.co/1f/1f388bd860cfb0b006da5121bcd409547009743a.png
အနုပညာရှင်များ

 ၃၁-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၄ နှစ် က

5 stars အဖွဲ့ရဲ့ ဟာသမင်းသားကြီးကိုကျင်ဝှက််ကို ကုသခွင့်ရခဲ့လို့ ဝမ်းသာပီတိဖြစ်​နေတဲ့ ထူးခန့်ကျော်

၇ရက်သားသမီးများရဲ့ ထုံကျင် ကိုက်ခဲလေဖြတ်လေငန်းကျီးပေါင်းဂေါက်ရောဂါနဲ့ အရိုးအကြောစတဲ့ ရောဂါများကို ကုသပေးနေတဲ့ သရုပ်ဆောင်ထူးခန့်ကျော်ကတော့ ဒီတစ်ခေါက်မှာလည်း 5star အဖွဲ့မှ ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင် ဟာသမင်းသားကြီး ကိုကျင်ဝှက်ရဲ့ အကြောရောဂါလေးကို သူ့အနေနဲ့ပျောက်ကင်းအောင်ကုသပေးခွင့်ရတဲ့အတွက် ထူးခန့်ကျော်တစ်ယောက် အင်မတန်ဝမ်းသာပီတိဖြစ်မိကြောင်းကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေမျှလာခဲ့ပါတယ်။

Photo Credit - Htoo Khant Kyaw's Facebook
Photo Credit - Htoo Khant Kyaw's Facebook

သရုပ်ဆောင်ထူးခန့်ကျော်(ဗေဒါ)ဟာဆိုရင်အနုပညာပိုင်းမှာဆိုရင်လည်း  ပရိတ်သတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိထားသူတစ်ဦးဖြစ်သလို သူဟာ ယခုလက်ရှိမှာဆိုရင်လည်း လေဖြတ်ဝေဒနာခံစားနေရသည့်လူနာများကို  စေတနာနဲ့ အခမဲ့ကုသပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit - Htoo Khant Kyaw's Facebook
Photo Credit - Htoo Khant Kyaw's Facebook

သူ့ဆီကို  လာရောက်ပြသသူတွေ အရမ်းများပြားတဲ့အတွက် ရက်ချိန်းကြိုတင်ယူပြီးသွားပြရတဲ့အထိကို နာမည်ကြီးသလို လာရောက်ပြသသူများထဲတွင် အနုပညာအသိုင်းအဝိုင်းထဲက အနုပညာရှင်များလည်း လာရောက်ပြသကြပါတယ်။

Photo Credit - Htoo Khant Kyaw's Facebook
Photo Credit - Htoo Khant Kyaw's Facebook

ထူးခန့်ကျော်ကလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သူ့ထံသို့လာရောက်ကုသမှုခံယူကြတဲ့ ၇ရက်သားသမီးများအားလုံးစိတ်ရှည်သည်းခံပြီး စောင့်ဆိုင်းကာကုသမှုခံယူပေးတဲ့အတွက် သူ့အနေနဲ့ကျေးဇူးတင်ကြောင်း ရေးသားထားခဲ့ပါတယ်။ထူးခန့်​ကျော်ဆီကို တစ်နေ့လျှင် လာရောက်ပြသ သူအရေအတွက်ဟာ အယောက် ၉၀ နီးပါးလောက်ရှိတယ်လို့လည်း သိရှိရပါတယ်။

သတင်း အရင်းအမြစ် Htoo Khant Kyaw

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T