ကိုရီးယားသရုပ်ဆောင် လီမင်ဟို တစ်ယောက်ကတော့ သူရဲ့ယောက်ျားပီသတဲ့ရုပ်ရည်၊ အရပ်အမောင်းတွေကြောင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့ ဆိုရလောက်အောင်နာမည်ကြီးတဲ့သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ F4 မင်းသား ဂူဂျွန်ဖြိုးလို့ လူသိများကြသလို အဆိုပါ ဇာတ်ကားနဲ့ သူ့ကို ကမ္ဘာကသိလာကြတယ်ဆိုရင်လည်း မမှားပါဘူး။ Boys over flowers လို့ အမည်ရတဲ့ အဲဒီဇာတ်ကားလေးနဲ့ သူဟာ အကောင်းဆုံး မျက်နှာသစ်ဇာတ်ဆောင်ဆုကိုရခဲ့သလို Lee Min-ho ဆိုတဲ့ နာမည်ကလည်း ကိုရီးယားရဲ့ နာမည်ကျော်မင်းသားတစ်ယောက် ဖြစ်လာစေပါတယ်။


၂၀၁၃ခုနစ် The Heirs ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးပြီးနောက်ပိုင်းအနုပညာသတင်းတွေမှ ာခဏငြိမ်သက်ခဲ့ပေမယ့် ၂၀၁၆ခုနစ် The Legend of the Blue Sea ရုပ်သံဇာတ်လမ်းတွဲထွက်ရှိလာချိန်မှာ တခဲနက်အားပေးကြ ပုံထောက်ရင်လီမင်ဟိုဟာ ပရိတ်သတ်အခိုင်အမာ ဘယ်လောက်ရထားလဲ သိနိုင်ပါတယ်။


လီမင်ဟို ဟာ ၁၉၈၇၊ ဇွန်လ ၂၂ မှာမွေးခဲ့လို့ အခုဆိုရင် ၃၄ နှစ်အရွယ် ရှိနေပြီပဲဖြစ်ပါတယ်။ ငယ်ငယ်ထဲကလဲ ခန့်ညားချောမောသလို အခုလက်ရှိအသက်အရွယ်မှာလဲ ပိုလို့တောင် ပြောင်မြောက်တဲ့သရုပ်ဆောင်စွမ်းရည်နဲ့ တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်သွင်ပြင်ကိုပါ ပိုင်ဆိုင်ထားပါသေးတယ်။ အသက်ကြီးလေလေ ပိုချောလေဖြစ်လာတဲ့ လီမင်ဟိုရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။



















Source : Korean Drama