“မချမ်းသာသော်လည်း ပျော်ပါသည်” ဆိုတဲ့ဆောင်ပုဒ်လေးကို လက်ကိုင်ထားပြီး ရိုးသားအေးချမ်းတည်ရှိနေတဲ့ ချင်းပြည်နယ် ထန်တလန်မြို့လေးမှာ မနေ့က အောက်တိုဘာလ ၂၉ ရက်နေ့က စလို့ တစ်ညလုံး မီးကြီးမားစွာ လောင်နေခဲ့ပါတယ်။ ထန်တလန်မြို့လေး မီးလောင်နေမှုကြောင့် ပြည်သူအများရင်ထဲမှာလည်း တစ်ညလုံး ပူလောင်နေခဲ့ပါတယ်။

ထန်တလန်မြို့လေး မီးလောင်နေမှုကြောင့် ပြည်သူများအပါအဝင် ပြည်တွင်းပြည်ပက အနုပညာရှင်တွေ အင်ဖလူရန်ဆာတွေ လည်း စိတ်မကောင်းဖြစ် ဝမ်းနည်းနေကြပါတယ်။ မီးအမြန်ဆုံး ပြန်လည်ငြိမ်းပါစေဆိုပြီး သူတို့ရဲ့ လူမှုကွန်ရန်စာမျက်နှာတွေပေါ်ကနေ ဆုတောင်းမှုလေးတွေ ပြုလုပ်ပေးနေကြပါတယ်။

ထန်တလန်မြို့လေး မီးလောင်နေမှုကို စိတ်မကောင်းဖြစ်စွာ ဆုတောင်းပေးထားကြတဲ့ ပြည်တွင်းပြည်ပမှ အနုပညာရှင်တွေ ၊ အင်ဖလူရန်ဆာတွေကတော့ မင်းမော်ကွန်း၊ မြနှင်းရည်လွင် ၊ မေဦး ၊ အလင်းရောင် ၊ခင်ဝင့်ဝါ ၊ မြတ်နိုးဦး ၊ သူဇာဝင့်လွင် ၊ Sinon Loresca ၊ ဟန်ထူးဈာန် ၊ ပိုးကြာဖြူခင် ၊ Xavier စသည့် အနုပညာရှင်တွေ အင်ဖလူရန်ဆာတွေ ပဲဖြစ်ပါတယ်။


ပြည်သူအများအပြားနှင့် အခြား အနုပညာရှင်တွေလည်း ထန်တလန်မြို့ မီးလောင်မှုအတွက် စိတ်မကောင်းဖြစ်ကာ ဝိုင်းဝန်းဆုတောင်းပေးနေကြပါတယ်။ အခု လက်ရှိအချိန်မှာတော့ မီးနည်းနည်း ငြိမ်သွားပေမယ့် ဆက်ပြီးလောင်နေဆဲလို့ သိရပါတယ်။ အားတင်းထားပါ ထန်တလန်ရေ ။
