ယမန်နေ့ အောက်တိုဘာ(၂၉)ရက်နေ့က One Direction အဖွဲ့တင်ဟောင်း အဆိုတော် Zayn Malik ဟာ သူ့ရဲ့ မိန်းမဖြစ်သူ Gigi Hadid နဲ့ လမ်းခွဲပြတ်စဲပြီဖြစ်ကြောင်းကြေငြာလာခဲ့ပါတယ်။သူ့ရဲ့ ပြောကြားချက်မှာတော့ သူ့ရဲ့ သမီးလေးနဲ့ပတ်သက်ပြီး Gigi ရဲ့ မိသားစုဝင်တစ်ယောက်နဲ့ ပြဿနာတက်ခဲ့တဲ့အတွက် ဒီဆုံးဖြတ်ချက်ကို ချလိုက်ရတယ်ဆိုပြီးပြောလာပါတယ်။


ထိုမိသားစုဝင်ဟာ တခြားလူမဟုတ်ပဲ Gigi ရဲ့ မိခင် Yolanda Hadid ဖြစ်နေခဲ့တာဖြစ်ပါတယ်။သတင်းများကြားသိသလောက်ကတော့ Zayn ဟာ သိုသိုသိပ်သိပ်နေထိုင်တတ်သူဖြစ်ပြီး သူ့ရဲ့ သမီးလေးနဲ့ပတ်သက်တဲ့အချို့သောအကြောင်းအရာများကို ပရိတ်သတ်တွေကို မသိစေချင်တဲ့လူဖြစ်ပြီး Yolanda ကတော့ ဒီစည်းကမ်းချက်တွေကို မလိုက်နာနိုင်တဲ့အတွက် ကတောက်ကဆ စတင်ဖြစ်ပွားခဲ့ရတယ်လို့ဆိုပါတယ်။


ထို ကတောက်ကဆဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ Yolanda ဟာ Zayn Malik ကို စွဲချက်(၄)ခုနှင့်အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ Yolanda ရဲ့ ပြောကြားချက်အရ Zayn ဟာ သူမနှင့် ကတောက်ကဆဖြစ်ပွားမှုအပေါ်မှာ လက်ပါလာခဲ့တာဖြစ်ပြီး သူမကို ဆဲရေးတိုင်းထွာပြီး သူ့ရဲ့ သမီးလေးနဲ့ဝေးဝေးနေဖို့ သတိပေးခဲ့တယ်လို့ဆိုလာပါတယ်။ပင်ဆယ်လ်ဗေးနီးယား တရားရုံးရဲ့ပြောကြားချက်အရ Zayn Malik ဟာ ဒီအမှုနဲ့ပတ်သက်ပြီး စွဲချက်(၄)ခုစလုံးအပေါ်ဝန်ခံခဲ့ပေမယ့် တရားရုံးမှာတော့ ဒီစွဲချက်တွေကို ခုခံခြင်းလုံးဝ ပြုလုပ်မည်မဟုတ်ကြောင်း နှင့် ဒီစွဲချက်(၄)ခုအပေါ် အသနားခံစားတင်ခဲ့ကြောင်း ပြောကြားလာခဲ့ပါတယ်။ပရိတ်သတ်တွေအနေနဲ့လည်း ဒီအမှုကိစ္စဟာ ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာစိတ်ဝင်စားေနေကြပါတယ်။









