လွန်ခဲ့တဲ့ ၁၅ နှစ်က TV မှာလွှင့်ခဲ့တဲ့ Princess Hours (ရွှေမင်းသားလေးချစ်ပုံပြင်) ဇာတ်လမ်းတွဲကို 15 နှစ်အကြာမှာ Remake version အနေနဲ့ ပြန်လည်ပြီး ရိုက်ကူးတော့ မှာဖြစ်ပါတယ်။ Princess Hours ဇာတ်လမ်းဟာ ကိုရီးယားနိုင်ငံ ရဲ့နောက်ဆုံး ဘုရင် မင်းဆက်အကြောင်းရိုက်ကူးထားတာ ဖြစ်ပြီးတော့ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကတည်းက အောင်မြင်မှုများစွာရရှိခဲ့တာဖြစ်ပါတယ်။

လာမယ့် 2022ခုနှစ်မှာ စတင်ရိုက်ကူးတော့မှာဖြစ်ပြီး production team က Netizen တွေ ရွေးချယ်ထားတဲ့ cast တွေကို စိတ်ဝင်စားမှုရှိနေပါတယ်။ အခု Remark Version အနေနဲ့ Princess Hours (ရွှေမင်းသားလေးချစ်ပုံပြင်) 2021 ဇာတ်လမ်းတွဲမှာ အဓိကဇာတ်ဆောင်တွေအဖြစ် မင်းသား Hwang In Yeop နဲ့ မင်းသမီး Kim Yoo Jung တို့က ပါဝင်တော့မှာ ဖြစ်တယ်လို့ Kpopmat Data Result တွေအရ သိရပါတယ်။

မင်းသား Hwang In Hyeop ကတော့ True Beauty ဇာတ်လမ်းတွဲလေးကနေ ဒုတိယမင်းသား အနေနဲ့ပါဝင်လျက်ရှိခဲ့ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်လာပါတော့တယ်။ သူကို့ 18 Again ထဲမှာလည်း Goo Ja Sung အနေနဲ့ပရိတ်သတ်တို့ သတိထားမိခဲ့ကြမှာပါ။

အသက်ငယ်ငယ်လေးနဲ့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်ပြီး အံ့သြစရာကောင်းတဲ့ အရည်ချင်းတွေကို
ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေး Kim Yoo Jung ကိုတော့ ပရိတ်သတ်တိုင်း ရင်းနှီးနေမယ်လို့
ထင်ပါတယ်။

အခု Remark Version မှာလဲ သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေက ဘယ်လိုတွေ chemistry ဖြစ်ပြီး ဘယ်လောက်တောင်အောင်မြင်မှုတွေရရှိမလဲ ဆိုတာကို ပရိသတ်တွေကလည်း ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြတာပဲဖြစ်ပါတယ်။


Source : K Drama Fever