ပရိတ်သတ်တွေ မသိသေးတဲ့ Blackpink အဖွဲ့ဝင် JISOO ရဲ့ ငယ်ဘဝဓာတ်ပုံလေးများ

//s9.kh1.co/dc/dc2f56c9b51ef31ac030da19f4a400f69066a668.png
အနုပညာရှင်များ

 ၂၉-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၅ နှစ် က

ပရိတ်သတ်တွေ မသိသေးတဲ့ Blackpink အဖွဲ့ဝင် JISOO ရဲ့ ငယ်ဘဝဓာတ်ပုံလေးများ

Kpop Girl group ဖြစ်တဲ့ Blackpink အဖွဲ့ကတော့ကမ္ဘာနိုင်ငံအသီးသီးမှာ အောင်မြင်မှုတွေကို အများကြီး သိမ်းပိုက်ထားနိုင်တဲ့ အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။အဖွဲ့ဝင်လေးဦးရဲ့ လှပကျော့ရှင်းမှုတွေရယ်အမိုက်စားဖက်ရှင်တွေနဲ့ပေါင်းစပ်ထားပြီး  ထူးချွန်ပြောင်မြောက်လှတဲ့ ကကွက်တွေ၊မြူးကြွစေတဲ့ တီးလုံးတွေကြောင့် Blackpink အဖွဲ့ဟာ ပိုပြီးနာမည်ကြီးလာတာ ဖြစ်ပါတယ်။ဒီတစ်ခေါက်မှာ​တော့ Blackpink အဖွဲ့ရဲ့ Member တစ်ဦးဖြစ်တဲ့ JISOOရဲ့ငယ်ဘဝဓာတ်ပုံလေးတွေနဲ့သူမရဲ့အကြောင်းလေးကို တင်ဆက်‌ပေးလိုက်ပါတယ်။

Photo Credit - Google
Photo Credit - Google

JISOO ကို၁၉၉၅ ခုနှစ် တောင်ကိုရီးယားနိုင်ငံ Gyeonggi ပြည်နယ် Gunpo မြို့မှာ မွေးဖွားခဲ့ပြီးသူမရဲ့ နာမည်အရင်းက​တော့ Kim JISOO ဖြစ်ပါတယ်။သူမကို  Chichoo & Jichu လို့လည်းခေါ်ကြပါတယ်။JISOO မှာ​ မွေးချင်းမောင်နှမအနေနဲ့ အစ်ကိုတစ်ယောက်နဲ့အစ်မတစ်ယောက်ရှိပြီး သူမက အငယ်ဆုံးလေးလည်း ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

JISOO ဟာ  အရပ် ၅ပေ ၄ လက်မရှိပါတယ်။ပေါင်ကတော့ ၉၉ ပေါင်ရှိပြီး မျက်လုံးအရောင်ကတော့ အနက်ရောင်ဖြစ်ပါတယ်။သွေးအမျိုးအစားက​တော့ A သွေးဖြစ်ပါတယ်။JISOO ဟာ ဆိုးလ်မြို့ရဲ့အနုပညာအထက်တန်းကျောင်းကနေ ဘွဲ့ရခဲ့ပါတယ်။ ကိုရီးယားနဲ့ဂျပန်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောဆိုနိိုင်ပြီး တရုတ်စာကို အခြေခံရတဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

၂၀၁၁ ခုနှစ်မှာတော့  YG Entertainment ကို သင်တန်းသူအဖြစ်နဲ့ ဝင် Join ခဲ့​ ပြီး နာမည်ကြီး SM Entertainment ရဲ့ ကမ်းလှမ်းမှုကိုလည်း ရရှိခဲ့တဲ့သူလေးလည်း ဖြစ်ပါတယ်။JISOO ဟာ YG မှာ ၅နှစ်ခန့်သင်တန်းသူတစ်ဦးဖြစ်ခဲ့ပြီး၂၀၁၆ ခုနှစ် သြဂုတ်လ ၈ရက်‌နေ့မှာတော့ Blackpink အဖွဲ့နဲ့အတူ ပွဲဦးထွက်လာခဲ့ပါတယ်။ 

Photo Credit - Google
Photo Credit - Google

JISOO ဟာ ခရီးသွားရတာနဲ့ ဓာတ်ပုံရိုက်ရတာကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပြီးသူမအကြိုက်ဆုံးအရောင်ကတော့ ခရမ်းနုရောင် ဖြစ်ပါတယ်။JISOO ဟာ စိတ်သဘောထားနူးညံ့ပြီး Blackpink member တွေကို ဂရုစိုက်သူတစ်ဦးဖြစ်သလို ပျော်ပျော်နေတတ်တဲ့ကောင်မလေးတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

သူမဟာ Drum နဲ့ Piano ကိုလည်း တီးတတ်သူတစ်ဦး ဖြစ်ပြီး အစားအသောက်တွေ စားရတာ ကြိုက်နှစ်သက်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ဒီလောက်ဆိုရင် လှပကျော့ရှင်းပြီးချစ်စရာကောင်းတဲ့​ ကောင်မလေးအကြောင်းကို သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T