ခေါင်းလျှော်တိုင်း ကျွတ်ကျတဲ့ သူမရဲ့ဆံပင်လေးတွေကို မလွှင့်ပစ်ဘဲ သေသေသပ်သပ်လေးနဲ့ စနစ်တကျ သိမ်းဆည်းထားရတဲ့ အကြောင်းကို ပြောပြလာတဲ့ ချောစုခင်

//s9.kh1.co/12/12e912d0645eb019a85b45ebbbb68f55e51e50d1.jpg
အနုပညာရှင်များ

 ၂၈-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၄ နှစ် က

.

အဆိုတော် ချောစုခင်ကတော့ တစ်ခေတ်တခါကတည်းက အောင်မြင်ခဲ့ပြီး ယနေ့အချိန်ထိလည်း နေရာတစ်ခုကို ရပ်တည်နေဆဲပဲ ဖြစ်ပါတယ်။ တစ်ကိုယ်တော် တေးသီချင်းများစွာလည်းထွက်ရှိခဲ့သလို သူ့ရဲ့ သီချင်းလေးတွေကတော့ လူငယ်တွေရဲ့ ပါးစပ်ဖျားထိအောင် ဆွဲကျန်ရစ်တာဖြစ်ပြီး ဘယ်သောအခါမှ မရိုးနိုင်တာကိုလည်း တွေ့ရပါတယ်။

Photo Credit - Chaw Su Khin
Photo Credit - Chaw Su Khin
Photo Credit - Chaw Su Khin
Photo Credit - Chaw Su Khin

လက်ရှိအချိန်ထိ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ ချောစုခင်ဟာ အသက်အရွယ်ရလာပေမယ့်လည်း ယခုအချိန်ထိ အရွယ်တင်နုပျိုနေပြီး ချောမောလှပနေဆဲပါ။ ယမန်နေ့ကလည်း လူမှုကွန်ယက်မှာ ဖော်ပြလာတာကတော့ သူမ​ဦးခေါင်းကနေ ကျွတ်လာတဲ့ ဆံပင်လေးတွေကို အမျိုးသမီးတွေ အတုယူရလောက်တဲ့အထိ စနစ်တကျ သေချာသိမ်းဆည်းထားတဲ့ အကြောင်းကို ပြောပြလာတာတွေ့ရပါတယ်။

Photo Credit - Chaw Su Khin
Photo Credit - Chaw Su Khin
Photo Credit - Chaw Su Khin
Photo Credit - Chaw Su Khin

အမျိုးသမီးများဟာ ကျွတ်ကျလာတဲ့ဆံပင်တွေကို လုံးထွေးပြီး လွှင့်ပစ်တတ်ကြတာ အများဆုံး တွေ့ရပါတယ်။ အဆိုတော် ချောစုခင်ကတော့ ခေါင်းလျှော်တိုင်း ကျွတ်ကျတဲ့ သူမရဲ့ ဆံပင်လေးတွေကို မလွှင့်ပစ်ဘဲ စုစုထားပြီး သေသေသပ်သပ်လေးနဲ့ စနစ်တကျ သိမ်းဆည်းထားတာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ် သိမ်းဆည်းထားခြင်းဟာ ဆံပင်ပြန်ဆက်တဲ့ နေရာမှာ အခြားဆံပင်အတုတွေထက် မိမိဆံပင်အစစ်လေးနဲ့ဆို ပိုပြီးစိတ်သန့်ရာရတယ်လို့ ဆိုပါတယ်။ ကျွတ်ကျတဲ့ ဆံပင်လေးတွေကို သေသေသပ်သပ်လေးနဲ့သိမ်းဆည်းထားတဲ့ ချောစုခင်ရဲ့ အတုယူစရာလုပ်ရပ်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=600,h=954,q=100/5e/5ebb18f3c1ecb826467b536e20443c2b427ffa16.jpg

သတင်း အရင်းအမြစ် Source - Chaw Su Khin

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T