Channel 7 မှာ ထုတ်လွှင့်ပြသနေတဲ့ "ရှုပ်ထွေးသော အချစ်ကမ္ဘာ" ဇာတ်လမ်းထဲမှာ သခင်မလေးယဲ့ချုံး အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ မြန်မာမလေး Lily Pantila

//s9.kh1.co/50/502e20e5a981ef7f185d57501632021c2c8d46cb.jpg
အနုပညာရှင်များ

 ၂၇-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

Lily Pantila ရဲ့ ဖခင်က ထိုင်းလူမျိုး ဖြစ်ပြီး မိခင်ကတော့ မြန်မာ လူမျိုး ဖြစ်တာကြောင့် ......

မြန်မာမလေး Lily Pantila ကတော့ Channel 7 မှာ ထုတ်လွှင့်ပြသနေတဲ့ "ရှုပ်ထွေးသော အချစ်ကမ္ဘာ" ဇာတ်လမ်းထဲမှာ သခင်မလေးယဲ့ချုံး အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ မင်းသမီး Lily Pantila ကတော့ ထိုင်း-မြန်မာ ကပြား ဖြစ်ပါတယ်။ သူမရဲ့ ဖခင်ဟာ ထိုင်းလူမျိုး ဖြစ်ပြီး မိခင်ကတော့ မြန်မာ လူမျိုး ဖြစ်ပါတယ်။ သူမကို 1994 ခုနှစ် နိုဝင်ဘာလ ၁၇ရက်နေ့မှာ ထိုင်းနိုင်ငံမှာမွေးဖွားခဲ့ပါတယ်။ နာမည် အရင်းကလည်း Lily Pantilaပဲ ဖြစ်ပါတယ်။

Photo Credit : Lily Pantila Myanmar Fans Page 
Photo Credit : Lily Pantila Myanmar Fans Page 
Photo Credit : Lily Pantila Myanmar Fans Page 
Photo Credit : Lily Pantila Myanmar Fans Page 

Lily Pantila ရဲ့ ချစ်သူကတော့ ထိုင်း-ပြင်သစ်ကပြား မင်းသား Chin Chinawut ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းက ၇နှစ်ကျော် ရှိပြီမို့ ပရိသတ်တွေကလည်း လက်ထပ်ဖို့ သတင်းကိုစောင့်မျှော်နေကြတာပဲ ဖြစ်ပါတယ်။

Photo Credit : Lily Pantila Myanmar Fans Page 
Photo Credit : Lily Pantila Myanmar Fans Page 
Photo Credit : Lily Pantila Myanmar Fans Page 
Photo Credit : Lily Pantila Myanmar Fans Page 

သူမနဲ့ Dj P’Push တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ "မာယာတစ်ထောင်ကား" ဆိုတဲ့ Drama မှာ လူသိများလာပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့တာ ပဲဖြစ်ပါတယ်။ 2021 မှာတော့ ဝမ်ထုန် ကားထဲမှာ အိနွိုင်းအဖြစ်ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ Lily Pantila လေးက မြန်မာလိုအရမ်းမကျွမ်းပေမဲ့ ကြိုးစားပြီးပြောထားတာတဲ့ ဗီဒီယိုဖိုင်လေးတွေကို သူမရဲ့ လူမှုကွန်ယက်မှာ မကြာခဏဆိုသလို တင်ပေးလေ့ရှိပါတယ်။

Photo Credit : Lily Pantila Myanmar Fans Page 
Photo Credit : Lily Pantila Myanmar Fans Page 
Photo Credit : Google
Photo Credit : Google
Photo Credit : Google
Photo Credit : Google

Lily Pantila ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ထိုင်း Drama ကားတွေကတော့ မာယာတစ်ထောင်၊ မိုးသောက်ချိန်ရဲ့ ဆည်းဆာ၊ အချစ်ရဲ့မယ်လိုဒီ၊ ဝမ်ထုန်၊ ရူပ်ထွေးသော အချစ်ကမ္ဘာ စတဲ့ ဇာတ်လမ်းတွေမှာ ပါဝင်ဖူးပါတယ်။

Photo Credit : Google
Photo Credit : Google
Photo Credit : Lily Pantila Myanmar Fans Page 
Photo Credit : Lily Pantila Myanmar Fans Page 
Photo Credit : Lily Pantila Myanmar Fans Page 
Photo Credit : Lily Pantila Myanmar Fans Page 
Photo Credit : Lily Pantila Myanmar Fans Page 
Photo Credit : Lily Pantila Myanmar Fans Page 
Photo Credit : Lily Pantila Myanmar Fans Page 
Photo Credit : Lily Pantila Myanmar Fans Page 

Source : Lily Pantila Myanmar Fans Page 

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T