၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့အချောဆုံး အမျိုးသား ၁၀၀ ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ပိုင်တံခွန်

//s9.kh1.co/24/24615701e4a49cde59de9c58af6348d2ef5b692e.jpeg
အနုပညာရှင်များ

 ၂၄-အောက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့အချောဆုံး အမျိုးသား ၁၀၀ ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ပိုင်တံခွန်

အားလုံးသိပြီးသားဖြစ်တဲ့ မင်းသားပိုင်တံခွန်ကတော့ အရှေ့တောင်အာရှသားရုပ်ရည်မျိုးကိုပိုင်ဆိုင်ထားပေမဲ့ ဟောင်ကောင်ရဲ့ အောင်မြင်ငယ်ရွယ်တဲ့ CEO လိုမျိုး၊အရိုင်းဆန်ဆန်ကြည့်ကောင်းတဲ့ ဂျပန်လူမျိုး Model လိုမျိုး၊ကိုရီးယားရဲ့ ချောမောတဲ့ မင်းသားရုပ်ရည်မျိုး အစရှိတဲ့ အမျိုးမျိုးဆွဲဆောင်မှုရှိတဲ့ မျက်နှာဖုံးတွေကို ပိုင်ဆိုင်တဲ့ မင်းသားတစ်လက်လည်းဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

သရုပ်ဆောင် ပိုင်တံခွန်ဟာ TC calendar entertainment က ထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာအချောဆုံး အမျိုးသား ၁၀၀ ဆန်ကာတင်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

ကမ္ဘာနာမည်ကျော် 100 Most Handsome Faces List ကို TC Calendar နဲ့ The Independent Critics တို့က ၁၉၉၀ ပြည့်နှစ်ကတည်းက စတင်ဖော်ပြလာတာပဲ ဖြစ်ပါတယ်။

Photo Credit - TC Calendar's Instagram
Photo Credit - TC Calendar's Instagram

TC calendar Entertainment ဟာ နှစ်စဥ်နှစ်တိုင်း ကမ္ဘာ့အချောဆုံးမျက်နှာပိုင်ရှင် အမျိုးသားနဲ့ အမျိုးသမီးစာရင်းကို သူတို့ရဲ့ Instagram ကနေ ထုတ်ပြန်ကြေညာလျက်ရှိပါတယ်။

Photo Credit - Google
Photo Credit - Google
Photo Credit - Google
Photo Credit - Google

သရုပ်ဆောင် ပိုင်တံခွန်ဟာ ၂၀၂၀ ခုနှစ်တုန်းကလည်း  ကမ္ဘာအချောဆုံး အမျိုးသား ၁၀၀ ဆန်ကာတင်ထဲမှာလည်း ပါဝင်ခဲ့ပြီးနှစ်နှစ်ဆက်တိုက် ပါဝင်ခဲ့တဲ့မြန်မာနိုင်ငံက အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

ပိုင်တံခွန်ဟာ ဖေဖော်ဝါရီလကနေစပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပြီး လူထုလှုပ်ရှားရေးတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့တာကြောင့် ၅၀၅ ကနဲ့တရားစွဲခံထားရပြီး အင်းစိန်အကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T