သူကြိုက်တဲ့ Bingo သီချင်းလေးကို စကားမပီမသလေးနဲ့ လိုက်ဆိုရင်း ခေါင်းလေးလှုပ်ခါပြီး ကခုန်နေတဲ့ ထရက်ရှာလေးရဲ့အသည်းယားစရာ ဗီဒီယို

//s9.kh1.co/2d/2ddb82e77d2e15e5653cb854de64c0342393003d.jpg
အနုပညာရှင်များ

 ၂၄-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

ပရိသတ်တွေရဲ့ အချစ်တွေကိုရယူထားတဲ့ အနုပညာရှင် သားသမီးတွေထဲမှာ အဆိုတော် စန္ဒီမြင့်လွင်ရဲ့ တစ်ဦးတည်းသောသမီး ထရက်ရှာလေးလည်း အပါအဝင်ဖြစ်ပါတယ်။ ထရက်ရှာလေးဟာ မေမေစန္ဒီမြင့်လွင်နဲ့ ရုပ်ချင်းဆင်ပြီး ဝဝကစ်ကစ် ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းသူလေးပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အသက်(၂)နှစ်အရွယ်လေးကို ရောက်ရှိနေပြီး အရွယ်နဲ့မလိုက်အောင် စကားတတ်နေပြီဖြစ်ပါတယ်။

Photo Credit - Sandy Myint Lwin
Photo Credit - Sandy Myint Lwin
Photo Credit - Sandy Myint Lwin
Photo Credit - Sandy Myint Lwin

ဖေဖေမေမေတို့ရဲ့ အသည်းတစ်ခြမ်းလည်းဖြစ်သလို ပရိသတ်တွေကလည်း အချစ်ပိုစေခဲ့ပါတယ်။ ဖေဖေမေမေတို့ကလည်း ထရက်ရှာလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးတွေနဲ့ အသည်း ယားစရာပုံရိပ်လေးတွေကို လူမှုကွန်ယက်ပေါ်မှာ အမြဲဖော်ပြလေ့ရှိပါတယ်။ ယခုမှာလည်း ထရက်ရှာလေးရဲ့ အသည်းစရာ ဗီဒီယိုလေးကို ထပ်မံဖော်ပြလာတာ တွေ့ရပါတယ်။

Photo Credit - Sandy Myint Lwin
Photo Credit - Sandy Myint Lwin
Photo Credit - Sandy Myint Lwin
Photo Credit - Sandy Myint Lwin

ဒီတစ်ခါမှာတော့ ထရက်ရှာလေးက သူကြိုက်တဲ့ Bingo သီချင်းလေးကို လိုက်ဆိုပြီး ပျော်မြူးစွာ ကခုန်နေတာ ဖြစ်ပါတယ်။ လက်ထဲမှာလည်း မေမေဝယ်ပေးထားတဲ့ အရုပ်လေးကို ကိုင်ထားသလို ခေါင်းလေးကို လှုပ်ခါပြီး စကားမပီမသလေးနဲ့ လိုက်ဆိုနေတာကတော့ အသည်းယားစရာ ကောင်းလောက်ပါတယ်။ ဒီဗီဒီယိုလေးကိုလည်း ပရိသတ်တွေ ချစ်အားပိုအောင်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Thiha Leo

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T