ရုပ်ရှည်ချောမောလှပပြီး ချစ်စဖွယ်အမူအရာလေးတွေနဲ့ YaYa လိုချစ်သူလေးကို ဘယ်တော့လက်ထပ်မှာလဲဆိုတဲ့ မေးခွန်းကို ပြန်ဖြေပေးခဲ့တဲ့ Nadech

//s9.kh1.co/b9/b9bda679b1d9c428da92287bdf5a6d1cc832b1f8.jpg
အနုပညာရှင်များ

 ၂၂-အောက်-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

YaYa ကို ဘယ်တော့လက်ထပ်မှာလည်းလို့မေးလိုက်တဲ့အခါမှာတော့ Nadech က "Oh" ဆိုပြီး

ထိုင်းနိုင်ငံရဲ့ နာမည်ကြီးအနုပညာရှင်စုံတွဲတွေထဲမှာ Nadech Kugimiya နဲ့ Yaya Urassayaph တို့ကလည်းနာမည်ကြီးစုံတွဲလေးပဲဖြစ်ပါတယ်။ YaYa Urassayaph ကို ပရိသတ်တွေကYaYa လို့ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့ချစ်စဖွယ်အမူအရာလေးတွေနဲ့ အပြုံးချိုချိုလေးတွေကို ချစ်နေကြတာဖြစ်ပါတယ်။ YaYaကလည်း ထိုင်း-ပြင်သစ် ကပြားလူမျိုးတစ်ယောက်ဖြစ်လို့ သူမရဲ့အလှအပတွေကိုငေးမောနေရတာဖြစ်ပါတယ်။

 Photo Credit:YaYa Urassayaph’s IG acc  
 Photo Credit:YaYa Urassayaph’s IG acc  
 Photo Credit:YaYa Urassayaph’s IG acc  
 Photo Credit:YaYa Urassayaph’s IG acc  

YaYa နဲ့ Nadech တို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းကလည်း (၁၀)နှစ်ကျော်သွားပြီဖြစ်ပါတယ်။ကလေးဆန်ပြီး ချစ်စဖွယ်အမူအရာလေးတွေလုပ်ပြတတ်တဲ့ YaYa ကို Nadech က သည်းသည်းလှုပ်ချစ်တာဖြစ်ပါတယ်။ မကြာသေးမီက ထိုင်းထိပ်တန်းမင်းသားချော Nadech က သူ့ရဲ့လူမှုကွန်ယက်ကနေ Live Na Rao မှာ Live လွှင့်ခဲ့ပါတယ်။ Live မှာတော့ မင်းသားချော Nadech က ပရိသတ်တွေကို သီချင်းဆိုပြခဲ့သလို မေးသမျှမေးခွန်းတွေကိုလည်း ရယ်ရယ်မောမောနဲ့ ဖြေသွားခဲ့ပါတယ်။

 Photo Credit: Thai Update
 Photo Credit: Thai Update
 Photo Credit:YaYa Urassayaph’s IG acc  
 Photo Credit:YaYa Urassayaph’s IG acc  
 Photo Credit:YaYa Urassayaph’s IG acc  
 Photo Credit:YaYa Urassayaph’s IG acc  

အဲ့ထဲမှာ ပရိသတ်တစ်ယောက်က Nadech ကို ပရိတ်သတ်တွေ အားလုံးသိချင်နေကြတဲ့ မေးခွန်းလေးကို မေးလိုက်ပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့ချစ်သူချောချောလေးဖြစ်တဲ့ Yaya ကို ဘယ်တော့လက်ထပ်မှာလည်း ဆိုတဲ့ မေးခွန်းကို မေးခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ သူဟာ Nadech ရဲ့ အဖြေကို ပြန်လည်ရရှိခဲ့ပါတယ်။ Nadech က Oh ဟုဆိုကာ ရယ်လိုက်ပြီးနောက် “ဒါက Oho ရဲ့ မေးခွန်းနော်…Oho တစ်ယောက်တည်းကိုပဲ ပြန်ဖြေတာနော်။ ကျွန်တော် အဆင်သင့်ဖြစ်တဲ့အခါ မင်းကိုပြောပြပါမယ်။ မင်းကိုပြောပြပါမယ်နော်” လို့ ဖြေဆိုပေးခဲ့ပါတယ်။

 Photo Credit:YaYa Urassayaph’s IG acc  
 Photo Credit:YaYa Urassayaph’s IG acc  
 Photo Credit:YaYa Urassayaph’s IG acc  
 Photo Credit:YaYa Urassayaph’s IG acc  

လက်ရှိအချိန်ထိလည်း YaYa တို့ချစ်သူနှစ်ယောက်က နားလည်မှုအပြည့်နဲ့ရှေ့ဆက်နေပြီး နှစ်ဖက်မိဘတွေနဲ့လည်း ချစ်ခင်ရင်းနှီးကြတာဖြစ်ပါတယ်။ ချစ်သူသက်တမ်းလည်းတွဲလာတာ ကြာပြီဖြစ်တာကြောင့် ပရိသတ်တွေကလည်း မင်္ဂလာသတင်းကို စောင့်မျှော်နေကြတာပဲဖြစ်ပါတယ်။

Source :Thai Update

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T