ရိုက်ကူးရေးလုပ်နေရင်း ရိုက်ကူးရေးဝန်ထမ်းကို သတ်မိသွားတဲ့ Boss Baby ဇာတ်လမ်းရဲ့ အသံသရုပ်ဆောင် မင်းသားကြီး Alec Baldwin

//s9.kh1.co/09/0962a7ca6c037fa1043e2d559bd7e9850a98d054.png
အနုပညာရှင်များ

 ၂၂-အောက်-၂၀၂၁ ၅pm · လွန်ခဲ့သော ၂ နှစ် က

ရိုက်ကူးရေးလုပ်နေရင်း ရိုက်ကူးရေးဝန်ထမ်းကို သတ်မိသွားတဲ့ Boss Baby ဇာတ်လမ်းရဲ့ အသံသရုပ်ဆောင် မင်းသားကြီး Alec Baldwin

Boss Baby ဇာတ်လမ်းမှာ အသံသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့ အမေရိကန်ရုပ်ရှင်မင်းသားကြီး Alec Baldwin  ဟာ ရုပ်ရှင်ရိုက်ကွင်းထဲမှာ ရိုက်ကူးရေးသုံးသေနတ်နဲ့ တကယ်ကြီး ပစ်မိသွားတာကြောင့် ရိုက်ကူးရေးဝန်ထမ်း ဓာတ်ပုံပညာရှင် Halyna Hutchins သေဆုံးပြီး ဒါရိုက်တာ  Joel Souza ဒဏ်ရာရသွားခဲ့ပါတယ်။ ရိုက်ကူးရေးသုံးသေနတ်အများစုက ကျည်အလွတ်တွေဖြစ်ပေမယ့် Alec Baldwin   သုံးမိခဲ့တဲ့ သေနတ်ထဲမှာတော့ တကယ့်ကျည်အစစ်ကြီးပါနေခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် သူရိုက်ကူးရေးလုပ်နေတဲ့အချိန်မှာ လူတွေကို မှားပြီးပစ်မိသွားတာဖြစ်ပါတယ်။

Google
Google

ရိုက်ကူးရေးလုပ်နေတဲ့ ဇာတ်လမ်းက “The Rust” ဆိုတဲ့ဇာတ်လမ်းဖြစ်ပြီး ရိုက်ကူးရေး တည်နေရာက New Mexico ပြည်ရဲ့ မြို့တော် Santa Fe တောင်ပိုင်းမှာ ဖြစ်ပါတယ်။ အခင်းဖြစ်ပွားချင်းမှာ ထိခိုက်ဒဏ်ရာရသူတွေကို ဟယ်လီကော်ပတာနဲ့ ဆေးရုံကို အမြန်ဆုံးပို့ပေးခဲ့ပေမယ့် အသက်မမီတော့ဘူးလို့ သိရပါတယ်။

Google
Google

ဝန်ထမ်းတွေရဲ့ အတည်ပြုချက်အရ သေဆုံးသွားသူအမျိုးသမီးနာမည်မှာ Halyna Hutchins ဖြစ်ပြီး အသက် ၄၂ နှစ်အရွယ် ရိုက်ကူးရေး ဓာတ်ပုံ ဒါရိုက်တာ တစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။  နောက်ထပ် ထိခိုက်ဒဏ်ရာရသူ ဒါရိုက်တာ နာမည်က Joel Souza ဖြစ်ပြီး အသက် ၄၈ နှစ်အရွယ်လို့သိရပါတယ်။ သေနတ်ဖြင့် ပစ်ခဲ့မိတဲ့ Alec Baldwin က အသက် ၆၈ နှစ်အရွယ်ဖြစ်ပြီး ပရိုဂျူဆာနှင့် ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ 

Google
Google
Google
Google

မင်းသားကြီး Alec Baldwin အနေနဲ့လည်း ဇာတ်လမ်းရိုက်ကူးရင်း အမှားဖြစ်သွားတာကြောင့် ဖြစ်စဉ်ကို သူတောင်မသိလိုက်ဘဲ အရမ်းကို တုန်လှုပ်နေပါတယ်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T