ဖတ်မိသူတိုင်း သဘောကျရလောက်အောင် ချစ်သက်(၂၈)နှစ်ပြည့်နေ့လေးမှာ ဇနီးချောလေးအတွက် ရေးသားထားတဲ့ နေမျိုးအောင်ရဲ့ စာလေးတစ်စောင်

//s9.kh1.co/0f/0f2663ba2cf493609f0a44361f350734484eb776.jpg
အနုပညာရှင်များ

 ၂၂-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

တစ်ခေတ်တခါက အနုပညာလောကမှာ အောင်မြင်မှုတွေရရှိခဲ့တဲ့ နေမျိုးအောင် ကတော့ လက်ရှိအချိန်အထိ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိနေတုန်းပဲဖြစ်ပါတယ်။ ဒါ့အပြင် အသက်အရွယ်ရလာပေမယ့်လည်း ယနေ့အချိန်ထိ ငယ်ရွယ်နုပျိုနေပြီး တည်ကြည်ခန့်ညားကာ ချောမောနေတာကြောင့် ဝတ်စားဆင်ယဥ်မှုမှာလည်း ခေတ်နဲ့အညီ လူငယ်တွေနဲ့အပြိုင် ဝတ်ဆင်တတ်တာ တွေ့ရပါတယ်။

Photo Credit - Nay Myo Aung
Photo Credit - Nay Myo Aung
Photo Credit - Nay Myo Aung
Photo Credit - Nay Myo Aung

ဒါ့အပြင် သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီး ဘဝကိုအေးချမ်းစွာ လျှောက်လှမ်းနေတာကြောင့် အများကလည်း လေးစားအားကျနေရတာ ဖြစ်ပါတယ်။ မကြာခဏဆိုရင်လည်း ချစ်ဇနီးလေးနဲ့အတူ တူညီဖက်ရှင်ဝတ်စုံလေးတွေ ဝတ်ဆင်ပြီး လူငယ်တွေလို လွတ်လပ်ပေါ့ပါးကာ ရိုဆန်နေတဲ့ ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြပေးလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ကတော့ နေမျိုးအောင်တို့ ဇနီးမောင်နှံဟာ ကြည်နူးစရာ အချစ်သက်တမ်း (၂၈) နှစ်ကိုပြည့်လာခဲ့ပြီဖြစ်ပါတယ်။

Photo Credit - Nay Myo Aung
Photo Credit - Nay Myo Aung
Photo Credit - Nay Myo Aung
Photo Credit - Nay Myo Aung

အချစ်သက်တမ်း (၂၈) နှစ်ပြည့်တဲ့ နေ့လေးမှာလည်း နေမျိုးအောင်က ချစ်ဇနီးလေးအတွက်ဆိုပြီး အရမ်း ရိုဆန်တဲ့ စာလေးတစ်စောင်နဲ့ Suriprise လုပ်ပေးထားခဲ့ပါတယ်။ ဒီလိုအရမ်းချစ်တတ်ပြီး ရိုဆန်လွန်းနေတဲ့ နေမျိုးအောင်ရဲ့ စာလေးကလည်း ဖတ်မိသူတိုင်း သဘောကျစေမှာတော့အမှန်ပါ။ ဒီစာလေးကို ပရိသတ်တွေလည်း ထပ်တူကြည်နူးစေအောင် ဖော်ပြပေးရင်းမင်းသားကြီးနေမျိုးအောင်တို့ရဲ့ ချစ်သက်တမ်းတွေ နောက်နှစ်ပေါင်းများစွာအထိ ခိုင်မြဲပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit - Nay Myo Aung
Photo Credit - Nay Myo Aung

သတင်း အရင်းအမြစ်Source - KMA

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T