ပရဟိတမင်းသမီးတစ်ဦးဖြစ်တဲ့ခိုင်နှင်းဝေကို အားလုံးသိကြမယ်ထင်ပါတယ်။သူမဟာ အနုပညာဘက်မှာလည်း ထူးချွန်သူဖြစ်တဲ့အပြင် ပရဟိတလုပ်ငန်းတွေမှာလည်း တက်ကြွစွာ ပါဝင်လုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။
သူမဟာ ယခုလက်ရှိမှာ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကို ထူထောင်ထားတဲ့အပြင် မွေးရာပါနာမကျန်းဖြစ်နေတဲ့ကလေးများကိုလည်း ဆေးကုသစာရိတ်အကုန်အကျခံကာ ကုပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။
ခိုင်နှင်းဝေဟာ ခိုကိုးရာမဲ့ကလေးလေးတွေကို အဖေလိုရော အမေလိုရောပါ နွေးထွေးမှုပေးနေတဲ့တစ်ဦးလည်းဖြစ်ပါတယ်။
သူမဟာ အလှုရေစက် လက်နဲ့မကွာဆိုရလောက်အောင်အခြေခံလူတန်းစားများအတွက်ကိုလည်း မကြာခဏဆိုသလို လှူဒါန်းပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။
ယခုတစ်ခေါက်မှာဆိုလည်း သူမဟာသီတင်းကျွတ်စတုဒီသာ အလှူအဖြစ်ခြေခံလူတန်းစားများအတွက် စားသောက်စရာများကို လှူဒါန်းပေးခဲ့ပါတယ်။
အစ်မခိုင်နှင်းဝေတစ်ယောက် ဒီထက်မက ပရဟိတအလုပ်တွေကို ပိုပိုပြီးလုပ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Khine Hnin Wai