သရုပ်ဆောင်မင်းသား ညီနန္ဒကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို ရဲရဲရင့်ရင့်နဲ့ အင်တိုက်အားတိုက်ပြုလုပ်တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပါ။လတ်တလောမှာ အခက်အခဲတွေနဲ့ အန္တရာယ်တွေကြားက ရှောင်တိမ်းပုန်းခိုနေရသူလည်း ဖြစ်ပါတယ်။ မိသားစုတွေနဲ့အဝေးမှာ ရောက်ရှိနေတဲ့အချိန် ဖခင်ဖြစ်သူကွယ်လွန်သွားတာကြောင့်လည်း ဖြေမဆည်နိုင်အောင် ထိခိုက်နာကျင်နေရတာလည်း ဖြစ်ပါတယ်။

ညီနန္ဒက လွတ်မြောက်နယ်မြေ တစ်နေရာရောက်နေချိန်မှာ စိတ်ပြေလက်ပျောက်ဖြစ်အောင်ဆိုပြီး ဇာတ်ကားလေးကြည့်နေတာဖြစ်ပါတယ်။ သူကြည့်မိတဲ့ ဇာတ်ကားထဲက သရုပ်ဆောင်နှစ်ယောက်အကြောင်းကို ဝမ်းနည်းစွာနဲ့ ပြောပြလာတာပဲ ဖြစ်ပါတယ်။ တစ်ယောက်က လောကကြီးထဲမှာမရှိတော့တဲ့ သူ့အစ်ကို"ဗျိုက်"ရယ်၊ နောက်တစ်ယောက်က ကိုယ်ကျိုးစွန့်ပေးဆပ်နေတဲ့ သူ့ သူငယ်ချင်း"မင်းမော်ကွန်း" ဆိုပြီး ပြောပြလာတာပဲ ဖြစ်ပါတယ်။

သူ့ရဲ့ လူမှုကွန်ယက်မှာ "စိတ်ပြေလက်ပျောက်ကြည့်မိတဲ့ ဇာတ်ကားထဲက သရုပ်ဆောင်နှစ်ယောက်...
တစ်ယောက်က လောကကြီးထဲမှာမရှိတော့တဲ့ အစ်ကို...
တစ်ယောက်ကတော့ ကိုယ်ကျိုးစွန့်ပေးဆပ်နေတဲ့ သူငယ်ချင်း..." ဆိုပြီး ရေးသားထားတာပြီး ဇာတ်ကားထဲက ပုံလေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်။









Source : ကိုနန္ဒ ထောပတ်ထမင်း's Facebook Acc





