အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ ပြည်သူတစ်ဦးရဲ့အင်္ကျီပေါ်မှာ အမှတ်တရလက်မှတ်ရေးထိုး ပေးလိုက်တဲ့ ပိုင်တံခွန်

//s9.kh1.co/3a/3ad7f27d65efaac2e92903a2727b55ccca6a2a13.jpg
အနုပညာရှင်များ

 ၂၁-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၄ နှစ် က

ပရိသတ်တွေကို ချစ်တတ်လိုက်တာ ... လက်မှတ်ရတဲ့ အကိုတော့ ဘယ်လောက်တောင်ပျော်နေမလဲမသိဘူး....

သရုပ်ဆောင် မင်းသားချောပိုင်တံခွန် ကတော့ အနေအထိုင်အေးဆေးပြီး အရွယ်နဲ့မလိုက်အောင် တည်ငြိမ်သူတစ်ယောက် ဖြစ်တာကြောင့် မြန်မာနိုင်ငံမှာသာမက နိုင်ငံတကာက ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ ဒီအရေးတော်ပုံကြီး စတင်ထဲက အားကြိုးမာန်တတ်နဲ့လမ်းပေါ်ထွက်ကာ ရဲရဲရင့်ရင့် ဆန္ဒထုတ်ဖော်ခဲ့သူတစ်ယောက်ဖြစ်သလို ပြည်သူတွေကိုလည်းရှေ့ကနေ ကာကွယ်စောင့်ရှောက်ပေးမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

Photo Credit :Paing Takhon's Facebook
Photo Credit :Paing Takhon's Facebook
Photo Credit :Paing Takhon's Facebook
Photo Credit :Paing Takhon's Facebook

အခုလက်ရှိမှာတော့ ပိုင်တံခွန်က နွေဦးတော်လှန်ရေးမှာ စိတ်ရောကိုယ်ပါနှစ်ပြီး ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က)နဲ့ ဧပြီလ (၇)ရက်နေ့က အင်းစိန်ထောင်မှာ ဖမ်းဆီး ထိန်းသိမ်း ခံထားရတာလည်းဖြစ်ပါတယ်။ အခုဆိုရင် ဖမ်းဆီးချုပ်နှောင်ခံထားရတာ (၆)လ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

Photo Credit :Paing Takhon's Facebook
Photo Credit :Paing Takhon's Facebook

အောက်တိုဘာလ ၁၈ ရက်နေ့က ပုဒ်မ (၅၀၅ က)နဲ့ အမှုဖွင့်ခံရတဲ့ အနုပညာရှင်တချို့ကို အမှုပိတ်သိမ်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ အတွက်လည်း လူတော်တော်များများက ဝမ်းသာပျော်ရွှင်နေကြတာလည်း ဖြစ်ပါတယ်။ သိုပေမယ့်ပြန်လွတ်တဲ့အချိန်မှာ ထောင်ထဲကနာမည်ကြီးအနုပညာရှင်တွေမပါဝင်ခဲ့ဘဲ ဖမ်းဝရမ်းထုတ်ထားတဲ့ အနုပညာရှင်အချို့သာ အမှု ပိတ်သိမ်းပေးခဲ့ဖြစ်ပါတယ်။ ပရိသတ်တွေကလည်းပိုင်တံခွန်အမြန်ဆုံးပြန်လွတ်ဖို့မျှော်လင့်နေကြတာလည်းဖြစ်ပါတယ်။

Photo Credit :Paing Takhon's Facebook
Photo Credit :Paing Takhon's Facebook

အခုလည်း ပိုင်တံခွန်က  အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ ပြည်သူတစ်ဦးရဲ့အင်္ကျီပေါ်မှာ အမှတ်တရ အနေနဲ့သူ့ရဲ့ လက်မှတ်ကို ရေးထိုးပေးလိုက်တာပဲ ဖြစ်ပါတယ်။ ပုံလေးကိုမြင်ပြီး တကယ်ကို လေးစားမိပါတယ်။ ဖမ်းဆီးချုပ်ခံထားတဲ့နေရာကနေ ရေးထိုးပေးလိုက်တဲ့ ပိုင်တံခွန်ရဲ့ လက်မှတ်လေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T