မေတိုးခိုင် လို့ဆိုလိုက်တာနဲ့ တကယ်ကို ချစ်စရာကောင်းတဲ့ အပြစ်ကင်းစင်လွန်းတဲ့မျက်နှာလေးနဲ့ မိမိုက်တဲ့ ခန္ဓာကိုယ်တို့ကြောင့် ပရိတ်သတ်တွေရဲ့ အသည်းနှလုံးကို ညှို့ယူဖမ်းစားထားသူတစ်ဦးလို့ အားလုံးက သိကြမှာဖြစ်ပါတယ်။သူမဟာ အနုပညာရှင် မင်းသမီးချော အိနြ္ဒာကျော်ဇင်ရဲ့ တူမလို့ဆိုရလောက်အောင် အနုပညာမှာ ဝါသနာပါပြီး တကယ်လည်း ထူးချွန်သူလေးတစ်ဦးဖြစ်ပါတယ်။


သူမဟာ ဖေဖော်ဝါရီ အစောပိုင်းက ပါဝင်ခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် စစ်ကောင်စီရဲ့ထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး သိပ်မကြာသေးခင်ကာလကမှ ပြန်လည်လွတ်မြောက်လာသူတစ်ဦးဖြစ်ပါတယ်။လက်ရှိမှာ သူဟာ သူ့ မိသားစုတွေကိုသာအချိန်ပေးရင်း အချိန်ကုန်ဆုံးနေစေခဲ့တာဖြစ်ပါတယ်။

သို့သော် သိပ်မကြာခင်ရက်ပိုင်းက အနုပညာရှင်များအား တရားစွဲဆိုခြင်းများဖြေလျှော့ပေးကာ ပြန်လည်လွှတ်ပေးမည်ဟု စစ်ကောင်စီက ဆိုလာခဲ့ရာ ထိုအနုပညာရှင်များထဲတွင် သူမရဲ့ အဒေါ်ဖြစ်သူ မင်းသမီးချော အိနြ္ဒာကျော်ဇင်တို့ဇနီးမောင်နှံလည်း ပါနေတာဖြစ်ပါတယ်။ဒီကိစ္စနှင့်ပတ်သက်၍ သူမဟာ “တစ်ခါတစ်လေ လူသိများတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ရတာ အရမ်းခက်ခဲပါတယ်။ခံစားရတဲ့ ခံစားချက် ကိုယ်တိုင်ကလွဲ မသိဘူး...မျှော်လင့်ချက်တွေရိုက်ချိုးခံရဝါ အဆိုးဆုံးပါ....အမြန်ဆုံးလွတ်မြောက်ကြပါစေ...နေ့စဉ်မပျက်ဆုတောင်းနေဆဲ” လို့ သူမရဲ့ Instagram Story မှာတင်ခဲ့တာဖြစ်ပါတယ်။ပရိတ်သတ်တွေအနေနဲ့လည်း ပြည်သူနှင့်တစ်သားတည်းရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေကို အမြန်ဆုံးပြန်လွတ်စေချင်နေကြတာပဲဖြစ်ပါတယ်။








