သီတင်းကျွတ်အခါသမယမှာ အမှန်တရားဘက်မှရပ်တည်ကာ ရင်းနှီးပေးဆပ်ထားတဲ့ပြည်သူတွေအတွက် ဆုတောင်းစကားဆိုလာခဲ့တဲ့ ပြည်သူ့အဆိုတော် လင်းလင်း

//s9.kh1.co/d0/d0536b533e664dbb6e94f5ae35a1704d6178701b.jpg
အနုပညာရှင်များ

 ၂၁-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၄ နှစ် က

သူ့ရဲ့ ဆုတောင်းစကားလေးက တကယ်ကို အဓိပ္ပာယ်လေးနက်တယ်နော်.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

တကယ်ကို အနှစ်သာရ ရှိတဲ့ တေးသီချင်းတွေနဲ့ ပရိတ်သတ်တွေရင်ထဲ ထိုးဖောက်လာခဲ့တဲ့ အဆိုတော်လို့ဆိုလိုက်ရင်တော့ အဆိုတော် လင်းလင်းလို့ အားလုံးကသိကြမှာဖြစ်ပါတယ်။အဆိုတော် လင်းလင်းဟာ ယောကျာ်းလေးပရိတ်သတ်အများစုရဲ့ လေးစားအားပေးခြင်းကို လက်ခံရရှိထားသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ သီချင်းတိုင်းကလည်းတကယ်ကို အဓိပ္ပာယ်ရှိပြီး နားထောင်မိသူတိုင်းရဲ့ ရင်ထဲ တစ်ခုခု ထင်ကျန်စေနိုင်တဲ့ အစွမ်းရှိတာကြောင့် အောင်မြင်တာဖြစ်ပါတယ်။

Photo Credit From Htwe Lynn Ko
Photo Credit From Htwe Lynn Ko
Photo Credit From Htwe Lynn Ko
Photo Credit From Htwe Lynn Ko

လက်ရှိကာလမှာ သူဟာနိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဇနီးဖြစ်သူ ရုပ်ရှင်မင်းသမီး အဆိုတော် ချစ်သုဝေနှင့်အတူ ပရိတ်သတ်များနှင့်ဝေးရာတစ်နေရာဆီသို့ ခေတ္တရှောင်တိမ်းနေတာဖြစ်ပါတယ်။ပရိတ်သတ်တွေကလည်းသူတို့ဇနီးမောင်နှံနှင့် သူတို့သမီးလေး(၂)ဦးဖြစ်တဲ့ ခေတ်ခေတ်နှင့် သစ်သစ်ကို လွမ်းဆွတ်နေကြပါတယ်။

Photo Credit From Htwe Lynn Ko
Photo Credit From Htwe Lynn Ko
Photo Credit From Htwe Lynn Ko
Photo Credit From Htwe Lynn Ko

ယမန်နေ့အောက်တိုဘာ(၂၀) သီတင်းကျွတ်လပြည့်ညမှာတော့ အဆိုတော်လင်းလင်းဟာ သူ့ရဲ့ Facebook စာမျက်နှာမှာ သီတင်းကျွတ်ဆုတောင်းလေးတစ်ခုကိုရေးသားလာခဲ့ပါတယ်။သူရေးသားထားတာက “သီတင်းကျွတ်အခါ သမယမှာ ရပ်တည်မှု ယုံကြည်ချက်အမျိုးမျိုးနဲ့ တော တောင် ရေမြေကြား ရောက်ရှိနေကြတဲ့ ညီအစ်ကို ရောင်းရင်း မောင်နှမတွေ တိုင်းရင်းသားနယ်ပယ်စုံ အမေ,အဖေ,အဘိုး,အဘွားတွေ မိသားစုထမင်းဝိုင်းမှာ လူမစုံလင်နိုင်တော့တဲ့ မိသားစုတွေ နေအိမ်စွန့်ခွါ ပြေးရှောင် ကလေးလေးတွေ အားလုံးအားလုံး ကျန်းမာကြပါစေ လို့ ကျနော်လက်အုပ်ချီ ကန်တော့ ဆုတောင်းမေတ္တာပို့ပါတယ်” ဆိုတာလေးပဲဖုစ်ပါတယ်။ဆုတောင်းစကားလေးဟာ ဖတ်လေ ရင်နင့်စရာ ဆုတောင်းလေးဖြစ်လေမို့ ပရိတ်သတ်တွေကလည်း သူ့ရဲ့ ဆုတောင်းစကားလေးကို ကရုဏာသက်စွာ သဘောကျနှစ်သက်နေကြပါတယ်။

Photo Credit From Htwe Lynn Ko
Photo Credit From Htwe Lynn Ko
Photo Credit From Htwe Lynn Ko
Photo Credit From Htwe Lynn Ko
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T