ကမ္ဘာကျော်အနုပညာရှင်တွေနဲ့ ရင်ဘောင်တန်းပြီး 2021 TC CANDLER က‌ ထုတ်ပြန်တဲ့ ကမ္ဘာ့အချောဆုံးမျက်နှာပိုင်ရှင် စာရင်းမှာပါဝင်ခဲ့တဲ့ ပြည်သူ့မင်းသားချော ပိုင်တံခွန်

//s9.kh1.co/e1/e191fcb6d03feb2ec164b768b7ac8bbdc87aa752.jpg
အနုပညာရှင်များ

 ၁၉-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

ဖမ်းဆီးချုပ်နှောင်ခံထားရတာတောင် ကမ္ဘာမှာအောင်မြင်နေတာ .... ကိုပိုင်အမြန်ဆုံးလွတ်မြောက်ပါစေ

ကမ္ဘာ့နာမည်ကျော် 100 MOST Handsome FACES LIST ကိုတော့ TC CANDLER နဲ့ THE INDEPENDENT CRITICS တို့ကနေပြီး 1990 ခုနှစ်ကတည်းကဖော်ပြပေးလာခဲ့တာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒီစာရင်းဟာ သန်းချီတဲ့ကြည့်ရှုသူတွေရဲ့ စိတ်ဝင်စားမှုခံလာရတာဖြစ်ပါတယ်။ ဒီစာရင်းဟာဆိုရင် နိုင်ငံတကာက လက်ခံမှုအများဆုံးရရှိထားတဲ့ စာရင်းတစ်ခုလို့ဆိုနိုင်ပါတယ်။

 Photo Credit : TC Candler's Instagram 
 Photo Credit : TC Candler's Instagram 

TC Candler က‌နေ ကမ္ဘာ့ အချောဆုံး မျက်နှာပိုင်ရှင် အမျိုးသား နဲ့ အမျိုးသမီး စာရင်းကို နှစ်စဉ် ထုတ်ပြန်နေကျ ဖြစ်ပါတယ်။ (၂ဝ၂၁) ခုနှစ် အတွက် အချောဆုံး မျက်နှာပိုင်ရှင် အဖြစ် သတ်မှတ်ခံရနိုင်ချေရှိတဲ့ ဆန်ခါတင်စာရင်း ကိုတော့ သူတို့ရဲ့ IG မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီနှစ် အတွက် ဆန်ခါတင် စာရင်းမှာတော့ မြန်မာနိုင်ငံက မော်ဒယ် မင်းသားချော ပိုင်တံခွန် ပါဝင်လာခဲ့ပါတယ်။

The 100 Most Handsome & Beautiful Faces 2020 စာရင်းမှာလည်း သရုပ်ဆောင် ပိုင်တံခွန်ကပါဝင်လာတယ်လို့ TC Candler Entertainment ကနေ ထုတ်ပြန်ကြေညာထားပါသေးတယ်။

Photo Credit : TC Candler
Photo Credit : TC Candler
 Photo Credit : TC Candler's Instagram 
 Photo Credit : TC Candler's Instagram 

မင်းသားချောလေး ပိုင်တံခွန်ကတော့ သူများတွေနဲ့မတူတဲ့ ပင်ကိုယ်စတိုင်လ်နဲ့ ထူးခြားစွာ မိမိုက် နေ တာ ဖြစ်ပါတယ် ။ ပိုင်တံခွန်က ဆံပင်အရှည်လေးနဲ့တောင် ချောမောခန့်ညားနေသလို အရပ် လည်းရှည်ပြီး ယောက်ျားပီသတဲ့ Body မျိုးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ပိုင် တံခွန်က မိန်းကလေးပရိသတ်တွေရဲ့သည်းသည်းလှုပ် ဝန်းရံအားပေးခြင်းခံရပြီး အရမ်းကို အောင်မြင်နေတာ ဖြစ်ပါတယ် ။ မြန်မာနိုင်ငံမှာသာမက အိမ်နီးချင်း ထိုင်းနိုင်ငံမှာ Fan Meeting ပြုလုပ်ရတဲ့အထိ အောင်မြင်တဲ့ ပိုင်တံခွန် က ဂျပန် ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့ အာရှနိုင်ငံများအပြင် ဘရာဇီး ၊ သြစတေးလျ ၊ ဂျာမနီ စတဲ့ အနောက်တိုင်း နိုင်ငံတွေအထိပါ ပရိတ်သတ်တွေ အားပေးတာကို ခံခဲ့ရတဲ့ မင်းသားတစ်ဦးဖြစ်ပါတယ်။

Photo Credit :Paing Takhon's Facebook
Photo Credit :Paing Takhon's Facebook

ပိုင်တံခွန်ကတော့ ဒီအရေးတော်ပုံကြီး စတင်ထဲက အားကြိုးမာန်တတ်နဲ့လမ်းပေါ်ထွက်ကာ ရဲရဲရင့်ရင့် ဆန္ဒထုတ်ဖော်ခဲ့သူတစ်ယောက်ဖြစ်သလို ပြည်သူတွေကိုလည်းရှေ့ကနေ ကာကွယ် စောင့်ရှောက်ပေးမှု တွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ အခုလက်ရှိမှာတော့ ပိုင်တံခွန်က နွေဦးတော်လှန်ရေးမှာ အမှန်တရားဘက်က ရပ်တည်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က)နဲ့ ဧပြီလ (၇)ရက်နေ့က အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပါတယ်။ အခုဆိုရင် ဖမ်းဆီးချုပ်နှောင်ခံထားရတာ (၆)လ ကျော်ရှိနေပြီ  ဖြစ်ပါတယ်။ 

Photo Credit :Paing Takhon's Facebook
Photo Credit :Paing Takhon's Facebook
Photo Credit :Paing Takhon's Facebook
Photo Credit :Paing Takhon's Facebook

ဖမ်းဆီးချုပ်ခံထားရတဲ့ ပိုင်တံခွန်ကတော့ TC Candler ရဲ့ Instagram Acc မှာ Face of 2021 nominate အလှဆုံးမျက်နှာ အယောက် (၁၀၀) အတွက် ဆန်ကာတင်စာရင်းကို ပိုင်တံခွန်ရဲ့ ပုံလေးကိုတင်ပြီး တရားဝင်ကြေညာထားတာပဲ ဖြစ်ပါတယ် ။ ကမ္ဘာတစ်လွှားက ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေနဲ့အတူ 2021 "TC CANDLER " က‌ ထုတ်ပြန်တဲ့ ကမ္ဘာ့အချောဆုံးမျက်နှာပိုင်ရှင် စာရင်းမှာပါဝင်ခဲ့တဲ့ ပြည်သူ့မင်းသားချော ပိုင်တံခွန် အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ။

Source : TC Candler's Instagram Acc 

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T