လက်ရှိမှာ YaYa Urassayaph လေးကတော့ သရုပ်ဆောင် ကောင်းမွန်ပီပြင်လွန်းတာကြောင့် ထိုင်းနိုင်ငံ ရဲ့ နာမည်အကျော်ကြားဆုံး မင်းသမီးလေးတစ်ယောက်ဖြစ်သလို မြန်မာပရိသတ်တွေကြားမှာလဲ ရေးပန်းစားနေသူတစ်ဦးပါ။ သူမရဲ့ ပရိသတ်တွေကတော့ ချစ်စနိုးနဲ့ YaYa လို့ခေါ်ကြပါတယ်။ YaYa က သရုပ်ဆောင်လောကမှာ ယနေ့ထိ ၁၀ နှစ်ကျော်ကြာ အခြေချနိုင်ခဲ့တာမို့ ဒရမ်မာတွေမှာ မင်းသားပေါင်းများစွာနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အဲ့ထဲမှာမှ Yayaအတွက် အောင်မြင်မှုတွေ ဆောင်ယူနိုင်ခဲ့တဲ့ TV 3 မင်းသား (၅) ယောက်ကိုတော့ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးချင်ပါတယ်။

Nadech Kugimiya

Yaya ရဲ့ နှလုံးသားပိုင်ရှင်ဖြစ်တဲ့ Nadech Kugimiya က သရုပ်ဆောင်ကောင်းလွန်းတာကြောင့် နိုင်ငံတကာက ပရိသတ်တွေကို ပိုင်ဆိုင်ထားတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ YaYa က သူ့ချစ်သူနဲ့ ဒရမ်မာပေါင်း ၆ ကားတိတိ တွဲရိုက်ထားတာပါ။ မကြာခင်မှာလည်း “Lai Kinnaree” ဇာတ်လမ်းသစ်မှာ အတူသရုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။
Mark Prin

YaYa ရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ Kimmy ရဲ့ ကောင်လေး Mark Pin ကတော့ ထိုင်းပရိသတ်တွေရော မြန်မာပရိသတ်တွေကပါ အားပေးတဲ့ မင်းသားတစ်ယောက်ပဲဖြစ်ပါတယ်။ “Tawan Deard” “Kluen Cheewit” YaYa နဲ့ Mark Prin တို့ အတွဲအညီညီ သရုပ်ဆောင်ထားတာကြောင့် အောင်မြင်မှုတွေ အများဆုံးရရှိခဲ့တဲ့ ဇာတ်လမ်းတွေပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှု အများအပြားရရှိကာ အောင်မြင်ခဲ့တဲ့ Mark နဲ့ Yaya အတွဲကတော့ နောက်ထပ်ဇာတ်လမ်းသစ်တစ်ခုမှာ ထပ်မံဆုံစည်းရိုက်ကူးကြမယ်လို့ သိရပါတယ်။
James Jirayu

မင်းသားချော တစ်ယောက်ဖြစ်တဲ့ James Jirayu ကတော့ ထိုင်းဇာတ်ကားကြည့်ဖူးသူတိုင်း မသိတဲ့သူမရှိလောက်အောင်ကို အောင်မြင်ကျော်ကြားသူလေးပါ။ သရုပ်ဆောင်ပီပြင်လွန်းတဲ့အပြင် ချောမွန်းလွန်းတဲ့ ရုပ်ရည်ကြောင့် ပရိသတ်တွေရဲ့ အသည်းစွဲလေးဖြစ်နေတာပါ။ YaYa နဲ့လည်း “Nueng NaiSuang” ဇာတ်လမ်းထဲမှာ စုံတွဲတွေအဖြစ်သရုပ်ဆောင်ဖူးကြပါတယ်။ အချောအလှတွဲဖက်အဖြစ် နာမည်ကြီးလှတဲ့ ဒီသရုပ်ဆောင်၂ ဦးကို နောက်ထပ်ဇာတ်လမ်းသစ်တွေမှာလည်း ထပ်မံပြီး အတူတူရိုက်ကူးစေချင်နေကြတယ်လို့ ပရိသတ်တွေကလည်း တောင်းဆိုထားကြပါတယ်။
James Ma

YaYa က မင်းသားဖြစ်သူ James Ma နဲ့ တူတူတွဲ သရုပ်ဆောင်ထားတဲ့ “Klin Kasalong” ဇာတ်လမ်းမှာ တော်တော်လေး စိန်ခေါ်မှုများတဲ့ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ မင်းသားဖြစ်သူ James Ma ရဲ့ လိုက်လျောညီထွေစွာ ပူးပေါင်းရိုက်ကူးနိုင်မှုကြောင့် လူကြိုက်များတဲ့ဇာတ်လမ်းတွဲလည်းဖြစ်လာခဲ့ပါတယ်
Mario Maurer

မင်းသား Mario နဲ့ကတော့ YaYaရဲ့ အနုပညာသက်တမ်းတလျောက်လုံးမှာ အခုလက်ရှိရိုက်ကူးနေတဲ့ “Bad Romeo” ရုပ်ရှင်ကားမှာမှ ပထမဆုံးအကြိမ်အဖြစ် အတူတူ တွဲပြီးသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Thai TV3 က ထိပ်တန်းသရုပ်ဆောင် ၂ ဦး အတူတူရိုက်ကူးထားတဲ့ “Bad Romeo” က တော်တော်လေး လူကြိုက်များကျော်ကြားလာဦးမှာသေချာပါတယ်။ လာမယ့်နှစ်ထဲမှာ ပြသဖို့စီစဉ်ထားတာကြောင့် ဘယ်လောက်ထိ Chemistry မိနေကြမလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်ရတော့မှာပဲ ဖြစ်ပါတယ်။
Source : Thai Update





