အမှုကနေ မလွတ်မြောက်သေးတဲ့အချိန်က စိတ်ရောလူရော အေးဆေးတည်ငြိမ်စွာဖြတ်ကျော်ဖို့အတွက် လုပ်ဆောင်ခဲ့တဲ့ အရာတွေကို ဖွင့်လာတဲ့ သံသာမိုးသိမ့်

//s9.kh1.co/ff/ff93ca7eb37cff284bc5eb225503b717104db69b.jpg
အနုပညာရှင်များ

 ၁၉-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ယမန်နေ့က (၅၀၅ က)ဖြင့် အမှုစွဲဆိုထားတဲ့ အနုပညာရှင်တချို့ကို အမှုကနေရုပ်သိမ်းပေးခဲ့ပြီးနောက် ခဏတာတိမ်းရှောင်နေရတဲ့ အနုပညာရှင်တချို့ဟာ မိမိနေအိမ်တွေကို ပြန်လည်ရောက်ရှိနေကြတာကို တွေ့ရပါတယ်။ စွဲဆိုခံရတဲ့ အမှုကနေ လွတ်မြောက်လာတဲ့ အနုပညာရှင်တွေထဲမှာ MRTV- 4 သရုပ်ဆောင် သံသာမိုးသိမ့်လည်း ပါဝင်ခဲ့ပါတယ်။ သရုပ်ဆောင် သံသာမိုးသိမ့်ကတော့ ဇာတ်လမ်းတွဲကို အားပေးပေးကြတဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit - Than Thar Moe Theint
Photo Credit - Than Thar Moe Theint
Photo Credit - Than Thar Moe Theint
Photo Credit - Than Thar Moe Theint

ယမန်နေ့ အမှုကနေ လွတ်မြောက်လာပြီးနောက် စိတ်ပူပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကား ပြောလာခဲ့ပြီး သူမဟာ တိမ်းရှောင်နေရတဲ့ အချိန်လေးမှာလည်း စိတ်ရောလူရော အေးဆေးတည်ငြိမ်စွာ ဖြတ်ကျော်ဖိုး လုပ်ဆောင်ခဲ့တာတွေကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် အထဲမှာ ကျန်နေသေးတဲ့ အနုပညာမောင်နုမတွေလည်း စိတ်ပူပေးပြီး သူတို့တွေ အပြင်ကိုပြန်ရောက်လာမှသာ အနုပညာအလုပ်တွေ စိတ်လက်ပေါ့ပါးစွာနဲ့ပြန်လုပ်နိုင်မယ်ဆိုတဲ့ အကြောင်းကိုလည်း ရေးသားဖော်ပြထားပါသေးတယ်။

Photo Credit - Than Thar Moe Theint
Photo Credit - Than Thar Moe Theint
Photo Credit - Than Thar Moe Theint
Photo Credit - Than Thar Moe Theint

သံသာမိုးသိမ့် လွတ်မြောက်လာတဲ့အခါမှာလည်း ချစ်တဲ့ ပရိသတ်တွေ ဝမ်းသာပြီး ပျော်ရွှင်ခဲ့ကြတာ ဖြစ်ပါတယ်။ သရုပ်ဆောင် သံသာမိုးသိမ့်ဟာ လမ်းမပေါ်တွေမှာ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြတဲ့ အချိန်တုန်းက ပြည်သူတွေနဲ့အတူ အပြည့်အဝရပ်တည်ပေးခဲ့သလို မိမိတတ်နိုင်တဲ့ ဘက်ကနေလည်း တက်တက်ကြွကြွ လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို လုပ်ဆောင်ပေးခဲ့ပြီးနောက်ပုဒ်မ (၅၀၅ က)ဖြင့် အမှုဖွင့် တရားစွဲဆိုခံရတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် သံသာမိုးသိမ့်လည်း ပါသွားခဲ့တာဖြစ်ပါတယ်။

Photo Credit - Than Thar Moe Theint
Photo Credit - Than Thar Moe Theint

သတင်း အရင်းအမြစ်Source - Than Thar Moe Theint

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T