ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ဇာဂနာကို စကားလေးတစ်ခွန်းပြောလိုက်တဲ့ ဒါရိုက်တာမောင်သီ

//s9.kh1.co/ca/ca64d7e4cac7d8bb28cb0acb8598d3115154d52e.jpg
အနုပညာရှင်များ

 ၁၉-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ဇာဂနာကို စကားလေးတစ်ခွန်းပြောလိုက်တဲ့ ဒါရိုက်တာမောင်သီ

လူရွှင်တော် ၊ သရုပ်ဆောင် ၊ စာရေးဆရာ ၊ ဒါရိုက်တာ ဦးဇာဂနာဟာဆိုရင် ဧပြီလ ၆ ရက်နေ့ကတည်းက အဖမ်းဆီးခံထားရတဲ့ သူဖြစ်ပါတယ်။ ဦးဇာဂနာဟာ မနေ့က အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတဲ့ လွတ်ငြိမ်းချမ်းသာ စာရင်းထဲမှာ ပါဝင်လာတဲ့သူဖြစ်ပြီး ပြန်လည်လွတ်မြောက်လာခဲ့တဲ့ အတွက်လည်း လူတော်တော်များများက ဝမ်းသာပျော်ရွှင်နေပါတယ်။

Facebook
Facebook

ဒါကြောင့် ဒါရိုက်တာ မောင်သီက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပြန်လည်လွတ်မြောက်လာတဲ့ ဦးဇာဂနာရဲ့ ပုံကိုတင်ပြီး “ ကိုယ်ရေစစ်သွားတယ်” လို့ပြောလိုက်တာပဲ ဖြစ်ပါတယ်။ ဦးဇာဂနာဟာ အခုဆိုရင် ဖမ်းဆီးခံထားရတာ ၆ လကျော်ကြာသွားတဲ့အချိန်မှာ ပြန်လည်လွတ်မြောက် လာတာပဲဖြစ်ပါတယ်။

Facebook
Facebook

ဦးဇာဂနာနဲ့အတူ လွတ်မြောက်လာခဲ့တဲ့ အခြားပြည်သူများ ၊ မီဒီယာသမားများလည်းရှိပြီး အနုပညာရှင်အချို့နှင့် ဆယ်လီတွေကိုလည်း (၅၀၅) က အမှုကနေ ပယ်ဖြတ်ပေးလိုက်ပြီလို့ သိရပါတယ်။ သုံးရက်တိတိ လွှတ်ပေးမယ် လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုတဲ့ သတင်းတွေထွက်နေတာကြောင့် ပရိသတ်တွေက သူတို့ချစ်တဲ့ အနုပညာရှင်တွေဖြစ်ကြတဲ့ အူဝဲ ၊ ပြေတီဦး ၊ ပိုင်တံခွန် ၊ လူမင်း စတဲ့ အနုပညာရှင်တွေလည်း ပါဝင်လာမလား မျှော်လင့်ချက်နဲ့ ရင်ခုန်စိတ်လှုပ်ရှားနေကြပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T