ဆယ်စုနှစ်နှစ်စုတိုင်အောင် ဂီတလောကမှာ အောင်မြင်မှုတွေရရှိထားသူကတော့ အဆိုတော်ဟန်ထူးလွင် ပဲဖြစ်ပါတယ်။ သူဟာ ဆရာဝန်အလုပ်ကိုစွန့်လွှတ်ကာ ဝါသနာပါလွန်းတဲ့ ဂီတအလုပ်ကို တစ်စိုက်မတ်မတ်လုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။ တေးသီချင်းတွေကိုလည်း ကိုယ်တိုင်ဖန်တီးရေးသားသီဆိုသူဖြစ်ပြီး တေးစီးရီးAlbumတွေလည်းထွက်ရှိထားသူပါ။


တေးစီးရီး Albumပေါင်းများစွာ ထွက်ရှိခဲ့ပြီ းပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးနားဆင်မှုတွေကို အခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။ သူ့ကိုတော့ ပရိသတ်တော်တော်များများက ကျားပေါက်လို့လည်း ချစ်စနိုးနဲ့ခေါ်ဆိုကြပါသေးတယ်။ သူဟာBig Bagနာမည်နဲ့Bandတစ်ခုတည်ထောင်ထားပြီး ပရိသတ်တွေအတွက်သီချင်းအသစ်တွေ နားဆင်နိုင်အောင် အမြဲကြိုးစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။


ကျားပေါက်ရဲ့ သီချင်းတွေကို ပရိသတ်တွေ သာမကဘဲ ဂီတသမား အချင်းချင်းကတောင်ကြိုက်နှစ်သက်နေကြတာလည်းဖြစ်ပါတယ်။ The Voice Myanmar Season 3မှာဒိုင်အဖြစ်နဲ့ ဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။ ခုလက်ရှိ မြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်မှာ သွေးမအေး ဒူးမထောက်ဘဲ ရဲရဲဝင့်ဝင့် တော်လှန်နေတဲ့ အနုပညာရှင်တွေထဲမှာ ကျားပေါက် ကလည်း ထိပ်ဆုံးကပါဝင်ပေး ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ လွတ်မြောက်နယ်မြေမှာ ရောက်နေပြီး စစ်အာဏာရှင်ကိုဆက်လက် တော်လှန်နေဆဲဖြစ်ပါတယ်။



အခုအခါမှာလည်း အဆိုတော်ကျားပေါက်က charity အတွက် သူ့ရဲ့ signature doodle ukulele လေး လေလံဆွဲပေးနေတာဖြစ်ပါတယ်။ ၄၅ မိနစ်အတွင်းမှာပဲ USD 4000 အထိရနေလို့ ကျားပေါက်ကအံ့ဩနေတာလဲဖြစ်ပါတယ်။ စီစဉ်ပေးတဲ့သူတွေက ကြမ်းခင်းစျေးကို USD ၁၀၀၀ ထားလို့ ကျားပေါက်က ဘယ့်သူမှာ အဲ့လောက်မပေးနိုင်ဘူးဆိုပြီး တားထားရတာလဲ ဖြစ်ပါတယ်။ "အခု မိနစ်ပိုင်းလေးမှာ ukulele လေးရဲ့တန်ဖိုးဟာ အဆပေါင်းများစွာ တက်လာခဲ့ပါပြီ။ ဒါဟာ ကျနော့် art ကိုဝယ်ချင်တာထက် NUG ကို support လုပ်ချင်တဲ့ စေတနာတွေလို့ ယုံကြည်ပါတယ်။ အရေးတော်ပုံ အကြွင်းမရှိအောင်ရမယ်။" ဆိုပြီးတော့ သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတာပဲဖြစ်ပါတယ်။


ကျားပေါက်ရဲ့ ဒီလက်ရာလေးကို လေလံဆွဲပြီး ရရှိငွေအားလုံးကို NUG အစိုးရထံ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ လေလံအောင်သူအလှူရှင်ထံလည်း NUG မှ အသိအမှတ်ပြုအလှူရှင်မှတ်တမ်း ပြန်လည်ပေးပို့သွားမှာ ဖြစ်ပါတယ်။ အနုပညာပစ္စည်းလေးကိုလည်း ကမ္ဘာရဲ့ မည်သည့်နေရာဖြစ်စေ၊ ပြည်တွင်းမှ ဖြစ်စေ၊ ပြည်ပမှဖြစ်စေ လုံခြုံစိတ်ချစွာ ပေးပို့ပေးသွားမှာ ဖြစ်ပါတယ်။ လေလံချိန်ကို ယနေ့ စက်တင်ဘာလ (၁၆) ရက်က စပြီးမနက်ဖြန် တနင်္ဂနွေည (၉)နာရီမှာ ပိတ်သိမ်းမှာ ဖြစ်ပါတယ်လို့ သိရပါတယ်။



Source : ပန် ဆယ် လို & Han Htue Lwin's Fb Acc