ဂီတလောကရဲ့ ကြယ်တစ်ပွင့်ဖြစ်တဲ့ အဆိုတော် ရေမွန်ကတော့ လူ့လောကထဲကနေ ချစ်တဲ့သူတွေကို ရုတ်တရက် နှုတ်ဆက်ထွက်ခွာသွားခဲ့တာဆိုရင် (၄)လ နီးပါးတောင် ရှိလာခဲ့ပြီဖြစ်ပါတယ်။ ရေမွန် မရှိတော့ပေမယ့်လည်း သူဖန်တီးခဲ့တဲ့ တေးသီချင်းများကတော့ ပရိသတ်တွေရဲ့ရင်ထဲမှာ လက်ရှိအချိန်ထိ ရှင်သန်နေခဲ့ပါတယ်။ ချစ်တဲ့ပရိသတ်တွေကလည်း ရေမွန့်အတွက် အမြဲသတိရစေဖို့ အမှတ်တရလေးတွေ ပြုလုပ်ပေးခဲ့ကြပါတယ်။


Idiots band အဖွဲ့ကို မြင်တာနဲ့ အဆိုတော် ရေမွန်ကိုတော့ ပရိသတ်တွေက အမြဲသတိရနေဦးမှာပါ။ Idiots band အဖွဲ့မှာတော့ ရေမွန်ဟာ ပင်တိုင်အဆိုရှင်တစ်ဦးဖြစ်ပြီး သူ့အတွက် ဂီတလောကရဲ့ ရှင်သန်ရာနေရာတစ်ခုပဲ ဖြစ်ပါတယ်။ ယခုမှာတော့ Idiots band အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးပန်းက ရေမွန်သိရင် ဝမ်းသာသွားလောက်မယ့် လက်ဆောင်လေးရရှိခဲ့တာကို ထုတ်ပြလာတာတွေ့ရပါတယ်။


ဒီလက်ဆောင်လေးကတော့ ရေမွန် ရှိခဲ့စဥ်တုန်းက Guitar Heroကြီး ချစ်စန်းမောင်အပါအဝင် အဖွဲ့သားတွေနဲ့ ရိုက်ကူးထားတဲ့ အမှတ်တရပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ လက်ဆောင်လေးကို Guitar Heroကြီး ချစ်စန်းမောင်က ရေမွန်အတွက်ဆိုပြီး Idiots band အဖွဲ့ဝင် ဦးပန်းကို ပေးခဲ့တာ ဖြစ်ပါတယ်။ ချစ်စန်းမောင် ပေးခဲ့တဲ့ လက်ဆောင်မှာလည်း ရေမွန့်အတွက် စိတ်မကောင်းစရာ စကားတွေရေးသားထားတာ တွေ့ရပါတယ်။ Guitar Heroကြီး ချစ်စန်းမောင်ဟာ ရေမွန့်အတွက် လေးစားအားကျရတဲ့ သူတစ်ဦးဖြစ်တာကြောင့် ယခုလိုလက်ဆောင်လေးရရှိတဲ့အတွက် ရေမွန်တော်တော်လေးကို ဝမ်းသာမှာလို့လည်း ဦးပန်းက ပြောပြထားခဲ့ပါတယ်။


သတင်း အရင်းအမြစ်៖ Source - Oo Pan