ယနေ့ အောက်တိုဘာ (၁၄)ရက် မှာ မွေးနေ့ကျရောက်လာတဲ့ ပြေသုဒြာလေး ကို မွေးနေ့ဆုတောင်း ဆုတောင်းပေးခဲ့ကြတဲ့ အနုပညာရှင်များ

//s9.kh1.co/42/422f48f2bc1286d682ad9fa292198d4073a92d21.jpg
အနုပညာရှင်များ

 ၁၄-အောက်-၂၀၂၁ ၈pm · လွန်ခဲ့သော ၄ နှစ် က

မိဘများနဲ့ ဝေးကွာနေတဲ့အချိန်မှာ အားတင်းထားပါ သမီးလေးရေ...ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေနော်..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

မင်းသားပြေတီဦးနှင့် မင်းသမီး အိနြ္ဒာကျော်ဇင်တို့ ဇနီးမောင်နှံဟာဆိုရင် အနုပညာများထူးချွန်ထက်မြက်ကြတဲ့ သရုပ်ဆောင်တွေဖြစ်ကြပါတယ်။ နှစ်ဦးစလုံးဟာ ကျရာ ဇာတ်ရုပ်မှာပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့အတွက် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ ဇနီးမောင်နှံဆိုလည်းမမှားပါဘူး။

Photo Credit From Pathy Pathy Eaindra Kyaw Zin Crazy
Photo Credit From Pathy Pathy Eaindra Kyaw Zin Crazy

မြန်မာနိုင်ငံအား အာဏာထိန်းချုပ်မှုစတင်ခဲ့တဲ့အချိန်မှစ၍ သူတို့ဇနီးမောင်နှံ နှစ်ဦးဟာ ပြည်သူနှင့်တစ်သားတည်းရပ်တည်ကာ အမှန်တရားဘက်မှရပ်တည်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံရေးလှုပ်ရှားမှုအချို့ကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံခဲ့ရပြီး ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတာ လက်ရှိမှာ (၆) လကျော်နေပြီ ဖြစ်ပါတယ်။

Photo Credit From Pathy Pathy Eaindra Kyaw Zin Crazy
Photo Credit From Pathy Pathy Eaindra Kyaw Zin Crazy

တကယ်ကို လေးစားဖွယ်ကောင်းတဲ့ သူတို့ဇနီးမောင်နှံမှာ သားသမီး(၂)ဦးရှိတာဖြစ်ပြီး ကလေးနှစ်ယောက်စလုံးဟာ လက်ရှိမှာ ဆွေမျိုးသားချင်းတွေနှင့်အတူနေထိုင်နေရတာဖြစ်ပါတယ်။ဒါ့အပြင် ယနေ့ အောက်တိုဘာ(၁၄)ရက်နေ့ဟာ သူတို့ရဲ့ သမီးလေး ဖြစ်တဲ့ ပြေသုဒြာ ခေါ် သုသု ရဲ့ မွေးနေ့ဖြစ်ပါတယ်။သမီးလေး သုသု ကို အနုပညာရှင်များနှင့်ပရိတ်သတ်များကပါ အားတင်းထားဖို့ နှင့် မွေးနေ့ဆုတောင်းစကားများ ပြောကြားနေကြတာဖြစ်ပါတယ်။သမီးလေးသုသု မွေးနေ့မှာ ပျော်ရွှင်နိင်ပါစေ။ ဖေဖေနဲ့မေမေလည်းမကြာခင်မှာ အမြန်ဆုံးပြန်လည်လွတ်မြောက်လာပါစေလို့ဆုတောင်းလိုက်ရပါတယ်။

Photo Credit From Pathy Pathy Eaindra Kyaw Zin Crazy
Photo Credit From Pathy Pathy Eaindra Kyaw Zin Crazy
Photo Credit From Khine Thin Kyi
Photo Credit From Khine Thin Kyi
Photo Credit From Khine Thin Kyi
Photo Credit From Khine Thin Kyi
Photo Credit From Nan Myat Phyo Thin
Photo Credit From Nan Myat Phyo Thin
Photo Credit From Khine Thin Kyi
Photo Credit From Khine Thin Kyi
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T