တောင်ကိုရီးယားအဆိုတော် သရုပ်ဆောင် IU ဟာဆိုရင် သူမရဲ့ ဖျော်ဖြေရေးသတ်တမ်း ၁၃ နှစ်ပြည့် နှစ်ပတ်လည်လ စက်တင်ဘာလမှာ မရှိဆင်းရဲသားတွေအတွက် အမေရိကန်ဒေါ်လာ ၁ သန်း နီးပါး တန်ကြေးရှိတဲ့ လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်။

သူမလှူဒါန်းမှုတွေထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေထဲက အစားအသောက်နှင့်ဆေးဝါးတွေကို ပရဟိတအဖွဲ့အစည်းတွေထံကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ဖိနပ် အရံ ၁၀၀၀ ၊ ဆောင်းရာသီဝတ်စုံနှင့် အပေါ်ဝတ်ကုတ် အင်္ကျီ အထည် ၂၀၀၀ ၊ ခြုံစောင် ၃၀၀ နှင့် အရေးပေါ်ဆေးဝါးပစ္စည်း အမျိုး ၂၀၀၀ တို့ကိုလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
သူမအသက် ၂၈ နှစ်ပြည့်ခဲ့တဲ့ မေလ ၁၆ ရက်နေ့တုန်းကလည်း ဝမ် သန်း ၅၀၀ လှူဒါန်းခဲ့ပါသေးတယ်။ IU ဟာ ၂၀၀၈ ခုနှစ် စက်တင်ဘာ (၁၈) မှာ စတင်ပွဲဦးထွက်ခဲ့တာဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့မျက်နှာလေး ၊ ချိုမြိန်တဲ့ အသံလေးနဲ့ ယနေ့အထိအောင်မြင်မှုရရှိနေတဲ့ ကောင်မလေးဖြစ်ပါတယ်။


IU ရဲ့ နာမည်အရင်းက Lee Ji-eun ဖြစ်ပါတယ်။ သူမဟာ အဆိုတော်တစ်ယောက်ဖြစ်သလို Moon Lovers: Scarlet Heart Ryeo (2016) ၊ My Mister (2018) နှင့် Hotel Del Luna (2019) စတဲ့နာမည်ကြီး ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာလည်း အဓိကသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ IU ရဲ့ အယ်လ်ဘမ် အသစ်လေးဖြစ်တဲ့ Strawberry Moon ဟာဆိုရင်လည်း လာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့မှာထွက်ရှိလာတော့မှာဖြစ်ပါတယ်။

