ဂီတလောကမှာ သီချင်းကောင်းတွေကို သီဆိုရင်းပရိတ်သတ်အားပေးမှုတွေကိုအခိုင်အမာရရှိထားပြီး ဂီတလမ်းကြောင်းပေါ်မှာအောင်မြင်စွာလျှောက်လှမ်းနေတဲ့ အနုပညာရှင်ကတော့ တေးသံရှင်ရန်ရန်ချမ်းပဲဖြစ်ပါတယ် ။ Acid အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ရန်ရန်ချမ်းကတော့ သူ့ရဲ့ချစ်သူချီလီနဲ့ လက်ထပ်ခဲ့ပြီး ချစ်ရတဲ့သားလေး တစ်ယောက်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သူပါ ။ ရန်ရန်ချမ်းက မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့ နွေဦးတော်လှန်ရေးကြီးရဲ့လူထုလှုပ်ရှားမှုမှာ ပြည်သူလူထုနဲ့အတူတက်ကြွစွာပါဝင်ရင်း ပုဒ်မ ၅၀၅(က)နဲ့တရားဆွဲဆိုခံခဲ့ရတာပဲဖြစ်ပါတယ် ။


လက်ရှိမှာတော့ ရန်ရန်ချမ်းက လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ရန်ရန်ချမ်း သာမက ဇနီးဖြစ်သူနဲ့ သားလေးကလည်း လုံးဝမခွဲခွာဘဲ အတူတူလိုက်ပါလာခဲ့တာ ဖြစ်ပါတယ် ။ ပရိသတ်တွေကလည်း သူတို့မိသားစုပုံလေးကို ကြည့်ပြီး အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေဘက်ကနေ ရှိနေပေးခဲ့တဲ့ ရန်ရန်ချမ်းရဲ့ ပြတ်သားတဲ့ စိတ်ဓာတ်ကို လေးစားနေကြတာ ဖြစ်ပါတယ်။


အခုလည်း ရန်ရန်ချမ်းက သူ့သားလေး ပုခတ်ပေါ်မှာ လက်သုံးချောင်းထောင်ပြီး တောထဲမှာ ခက်ခက်ခဲခဲနေနေရပေမယ့် ပြုံးပျော်နေတာကို သူ့ရဲ့ Facebook Story မှာ ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေတစ်နေရာက ရန်ရန်ချမ်းတို့မိသားစုလေးရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။


Source : Yan Yan Chan’s Facebook Account