Squid Game ထဲကအရုပ်မနဲ့တူတယ်လို့ပြောနေကြတဲ့ ဟောင်ကောင်အဆိုတော် Gigi Yim Ming

//s9.kh1.co/22/2248cefe8bba21d63203d62faab4e3e05119c4a8.jpg
အနုပညာရှင်များ

 ၁၄-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၄ နှစ် က

Squid Game ထဲကအရုပ်မနဲ့တူတယ်လို့ပြောနေကြတဲ့ ဟောင်ကောင်အဆိုတော် Gigi Yim Ming

Squid Game ဇာတ်လမ်းအစမှာ အရမ်းကိုနာမည်ကြီးသွားတဲ့ “Red light, green light” အရုပ်မလေးကို အားလုံးပဲသိကြမှာပါနော် ။ အရုပ်လေးက ဆံပင်ရှေ့ဆံမြိတ်လေး ၊ မျက်နှာပြဲပြဲလေးနဲ့ မျက်လုံးကရှည်ရှည်လေးပါ။ ရက်စက်ပြီး လူပေါင်းရာနဲ့ချီကို သွေးအေးအေး သတ်ဖြတ်ခဲ့တဲ့ အရုပ်မလေးကို Squid Game ကြည့်ဖူးသူတွေရဲ့ မျက်လုံးထဲမှာ အမြဲတမ်းစွဲနေမှာပါ။အခုပြောချင်တဲ့ အကြောင်းအရာလေးက Squid Game ထဲကအရုပ်မလေးအကြောင်းမဟုတ်ပါဘူး။ Squid Game ထဲကအရုပ်မလေးနဲ့ တူတဲ့ အသက် ၁၆ နှစ်အရွယ် ဟောင်ကောင် အဆိုတော် Gigi Yim Ming အကြောင်းကိုပြောချင်တာပါ။

Google
Google
Google
Google
Google
Google

Gigi Yim Ming ဟာဆိုရင် မျက်နှာပြဲပြဲလေး ၊ ဆံပင်ရှေ့ဆံမြိတ်လေး နဲ့ မျက်လုံးအနေအထားပုံစံလေးကအစ Squid Game ထဲက အရုပ်မလေးနဲ့သွားတူနေတာပါ။ Squid Game ဇာတ်လမ်းစပြပြချင်းမှာပဲ Netizen တွေက Gigi Yim တစ်ယောက် “Red light, green light” အရုပ်မနဲ့တူနေတယ်ဆိုတာကို သတိထားမိခဲ့ကြတာပါ။

Google
Google
Instagram
Instagram

ဒီအကြောင်းနဲ့ ပတ်သတ်ပြီး Gigi Yim ကလည်း အခုလိုပြောထားပါတယ်။

“ကျွန်မကို Squid Game ထဲကအရုပ်မနဲ့တူတယ်ဆိုပြီးပြောကြတယ်ပေါ့နော် .. တချို့ကလည်းပြောကြတယ်။ နင့်ကို Squid Game အရုပ်မနေရာမှာ သရုပ်ဆောင်ခိုင်းမယ်ဆိုရင်ရော သရုပ်ဆောင်မှာလားတဲ့။ ကုမ္ပဏီဘက်က အခွင့်အရေးပေးမယ်ဆိုရင်တော့ ကျွန်မ သေချာပေါက်သရုပ်ဆောင်သင့်တာပေါ့နော်။ ကျွန်မအကောင်းဆုံးကြိုးစားမှာပါ။ ဒါပေမယ့် အရုပ်မနေရာက သရုပ်ဆောင်ရမှာဆိုတော့ ၃၆၀ ဒီဂရီ ခေါင်းလှည့်လာတဲ့အခန်းကို သေချာပေါက်လေ့လာပြီး သင်ရမှာပါ။ ကျွန်မကလူဆိုတော့ အဲ့လိုမျိုးမလှည့်တတ်ဘူးလေ။ အရုပ်မလေးဆီကပြန်သင်ရမှာ” လို့ရယ်မောရင်းပြောထားပါတယ်။

Google
Google

Gigi Yim Ming က Stars Academy မှာ ပထမဆုရရှိထားတဲ့ အဆိုတော်လေးဖြစ်ပြီး သီချင်းနဲ့ပတ်သတ်တဲ့ ပြိုင်ပွဲတွေမှာ မကြာခဏတွေ့ရလေ့ရှိတဲ့ တတ်သစ်စလေးတစ်ယောက်ဖြစ်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T