လွတ်မြောက်နယ်မြေ တစ်နေရာရောက်နေချိန်မှာ ဒါရိုက်တာကိုပေါက်ရေးသားထားတဲ့ "ဘာမှမလိုပါဘူး အမေ….."

//s9.kh1.co/c5/c5da297a5bde8729f546da52952e622f80740621.jpg
အနုပညာရှင်များ

 ၁၄-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

တကယ်ကို ထိမိခံစားရပါတယ် .... PDFလေးတွေအတွက် ခွန်အားဖြစ်စေတဲ့စာလေးပါ

ဒါရိုက်တာကိုပေါက်ကတော့ အနုပညာနယ်ပယ်မှာ အတိုင်းအတာတစ်ခုထိ အောင်မြင်နေပေမယ့် ယခုအချိန်မှာတော့ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေတာပဲဖြစ်ပါတယ်။ ကိုပေါက်က တော်လှန်ရေးကြီးမှာ ပြည်သူနဲ့အတူ အမှန်တရားဘက်ကရပ်တည်ပြီး လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုမှာ ရဲရဲဝင့်ဝင့်ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

အင်တိုက်အားတိုက် ပြုလုပ်တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ ဘေးကင်းရာကို ရှောင်တိမ်းပြီး လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက်ကတော့ ရောက်ရာနေရာကနေ တော်လှန်ရေးတိုက်ပွဲ ဆင်နွှဲနေသူဖြစ်ပါတယ်။

Photo Credit : Aung Min Naing’s Fb acc
Photo Credit : Aung Min Naing’s Fb acc
Photo Credit : Aung Min Naing’s Fb acc
Photo Credit : Aung Min Naing’s Fb acc

ကိုပေါက်ကတော့ လွတ်မြောက်နယ်မြေရောက်နေချိန်မှာလည်း အခွင့်အရေးမယူဘဲ ချီးကျူးစရာ ကောင်းလောက်အောင် ကျရာတာဝန်ကို အများနည်းတူ ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာလည်း စားသောက်စရာတွေကို ကိုယ်တိုင် ချက်ပြုတ်ပေးတာဖြစ်ပါတယ်။ ဒါ့အပြင် လွတ်မြောက်နယ်မြေက တိုင်းရင်းသားလူမျိုးတွေနဲ့ ကလေးငယ်တွေအတွက် အဝတ်အထည်တွေ၊မုန့်တွေကို တတပ်တအားလှူဒါန်းနေတာပဲဖြစ်ပါတယ်။

Photo Credit : Aung Min Naing’s Fb acc
Photo Credit : Aung Min Naing’s Fb acc
Photo Credit : Aung Min Naing’s Fb acc
Photo Credit : Aung Min Naing’s Fb acc

ဒီနေ့မှာဆိုရင် ကိုပေါက်က လွတ်မြောက်နယ်မြေတစ်နေရာကနေ အမေနဲ့ ပတ်သက်ပြီး ခံစားချက်လေး ဖွင့်ဟလာတာပဲဖြစ်ပါတယ်။ သူကတော့ " ဘာမှမလိုပါဘူး အမေ…"လို့ဆိုပြီး တော်လှန်ရေးမှာ ပါဝင်တဲ့ ရဲဘော် ညီ/ညီမများတွေအတွက် ခံစားဂုဏ်ပြုပြီး ရေးသားထားတာဖြစ်ပါတယ်။ တောထဲရောက်နေချိန်မှာ ရေးသားထားတဲ့ ကိုပေါက်ရဲ့စာလေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit : Aung Min Naing’s Fb acc
Photo Credit : Aung Min Naing’s Fb acc
https://s9.kh1.co/__image/w=650,h=821,q=100/ca/cace36cfc4e441e884491c8da7b3f76c1342b75d.png
https://s9.kh1.co/__image/w=650,h=830,q=100/01/016ee9eae34707ba571035970db6d67ecbe71a2a.png
https://s9.kh1.co/__image/w=650,h=656,q=100/7b/7be28645b2a3613ee779c9db6d32b9ab9ffb3dcb.png

Source : Aung Min Naing’s Fb acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T