ပရဟိတမင်းသမီးတစ်ဦးလည်းဖြစ်သလို ရင်သွေးလေးများဂေဟာကို ထူထောင်ထားတဲ့ ခိုင်နှင်းဝေဟာ ဒီနေ့ အောက်တိုဘာ၁၄ ရက်နေ့မှာ တောင်ဥက္ကာလာ ရတနာလမ်းထောင့် မီးပွိုင့်မှာ Hijet ကားပေါ်မှ ပစ်ချပြီး ကလေးလေးကို စွန့်ပစ်သွားကြောင်းဖုန်းဆက်အကြောင်းကြားလာတဲ့အတွက် သူမဟာ သွားရောက်ပြီး ကလေးလေးကို သူမရဲ့ဂေဟာသို့ ခေါ်ဆောင်လာခဲ့ကြောင်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေခဲ့ပါတယ်။


ဆက်လက်ပြီးတော့လည်း သူမဟာ သိပ်မကြာခင်ကပဲ Post တစ်ခုတင်ခဲ့ပါတယ်။ကလေးလေးဟာ သူမရဲ့ဂေဟာကို ရောက်ရှိနေပြီးဖြစ်ကြောင်းနဲ့ တကယ်လို့ ကလေးပျောက်တိုင်ကြားထားသူများရှိပါက သူမကို ဆက်သွယ်နိုင်ကြောင်း ရေးသားထားသလို ကလေးပိုင်ရှင် ရှိ/မရှိကိုလည်း ၂၄ နာရီစောင့်ကြည့်သွားမယ်ဖြစ်ကြောင်း ရေးသားထားခဲ့ပါတယ်။

သတင်း အရင်းအမြစ်៖ Khine Hnin Wai