90 Born တွေ အသည်းစွဲချစ်ခင်အားပေးခဲ့ရတဲ့ Irish အဆိုတော်အဖွဲ့လို့ဆိုလာရင်တော့ WESTLIFE လို့ မလွဲမသေဖြေကြမှာအသေအချာပါပဲ။သူတို့ရဲ့ တေးသီချင်းပေါင်းများစွာဟာ ပရိတ်သတ်တွေရဲ့ ပါးစပ်ဖျားမှာ အခုချိန်အထိတမ်းတမ်းစွဲနေရတဲ့အထိကို ကောင်းမွန်ပြီး အနှစ်သာရရှိတဲ့တေးသီချင်းများဖြစ်တဲ့အတွက်ကြောင့် ပရိတ်သတ်များကလည်း အခုချိန်ထိ ချစ်ခင်အားပေးနေကြတာဖြစ်ပါတယ်။



သူတို့အဖွဲ့ကိုစတင်ဖွဲ့စည်းခဲ့စဉ်က Shane Filan , Brian McFadden , Markus Feehily , Kian Egan နှင့် Nicky Byrne ဆိုပြီး အဖွဲ့ဝင် (၅)ယောက်ဖြင့်စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။သူတို့အဖွဲ့ဟာ (၁၉၉၈)ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး (၂၀၁၂) ခုနှစ်မှာ အဖွဲ့ကိုဖျက်သိမ်းခဲ့ကြပါတယ်။သို့ပေမယ့် သူတို့ကိုအလွန်အမင်းချစ်ခင်အားပေးကြတဲ့ ပရိတ်သတ်များကြောင့် (၂၀၁၈) မှာ အဖွဲ့ပြန်လည်ပေါင်းစည်းခဲ့ကြတာဖြစ်ပြီး အဖွဲ့ဝင် Brian အနေနဲ့တော့ ဆက်လက်ပါဝင်ခြင်းမရှိတော့ဘဲ အဖွဲ့ဝင်(၄)ဦးဖြင့်သာ ဆက်လက်တည်ရှိနေကြတာဖြစ်ပါတယ်။


သူတို့ဟာတေးသီချင်းအယ်လ်ဘမ်ပေါင်းများစွာကိုထုတ်လုပ်ခဲ့ပြီးနောက်ဆုံးအယ်လ်ဘမ်ကိုတော့ (၂၀၁၉)ခုနှစ်မှာ ထွက်ရှိထားခဲ့တာဖြစ်ပါတယ်။နှစ်နှစ်အကြာမှာတော့ အယ်လ်ဘမ်အသစ် ဖြစ်တဲ့ Wild Dreams Album ကို ထွက်ရှိတော့မယ်လို့ အောက်တိုဘာ(၁၂) ရက်နေ့မှာ တရားဝင်ကြေငြာခဲ့တာဖြစ်ပါတယ်။ပရိတ်သတ်များကလည်း WESTLIFE အဖွဲ့ရဲ့ တေးသီချင်းကိုရင်ခုန်စွာစောင့်မျှော်နေကြတာဖြစ်ပါတယ်။WESTLIFE အဖွဲ့ ဘယ်လိုမျိုး ကောင်းမွန်တဲ့ သံစဉ်တွေနဲ့ ကြိုးစားဖန်တီးထားလဲဆိုတာပရိတ်သတ်ကြီးလည်းစောင့်မျှော်အားပေးကြပါဦးနော်။


