နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာဖျော်ဖြေပွဲ လက်ကျန် ၂ ပွဲနဲ့ ပတ်သက်ပြီး ရင်ထဲကခံစားချက်တွေ ဖွင့်ဟလာတဲ့ အဆိုတော်ဆောင်းဦးလှိုင်

//s9.kh1.co/92/920e9366a0ad9edbfcc6c7e96f0e1b0cea778d8e.jpg
အနုပညာရှင်များ

 ១៤-តុលា-២០២១ ១១ព្រឹក · ៥ ឆ្នាំមុន

လေးစားပါတယ် အကိုရေ အားပေးနေပါတယ်......

အဆိုတော် ‌ဆောင်းဦးလှိုင်ကတော့ သီချင်းကောင်းတွေကို အသံအေးအေးလေးနဲ့ ပရိသတ် ရင်ထဲရောက်အောင် သီဆိုနိုင်သူ တစ်ယောက်ပါ။ ဆောင်းဦးလှိုင်က ကိုယ်ပိုင်အမ်ဘမ်များစွာထွက်ရှိခဲ့ပြီး ‌အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ဆောင်းဦးလှိုင်က နိုင်ငံခြားမှာရောက်နေပေမယ့် စစ်အာဏာရှင်ကို ‌တော်လှန်တဲ့နွေဦးတော်လှန်ရေးကြီးမှာ တတ်တတ်ကြွကြွ ပါဝင်နေတာလည်းဖြစ်ပါတယ်။ ဒါအပြင်ဆောင်းဦးလှိုင် ကနွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရရှိရန် အမေရိကန်နိုင်ငံအနှံ့တစ်ကိုယ်တော် ‌ဖျော်ဖြေပွဲတွေပြုလုပ်ပေးနေတာ ပဲဖြစ်ပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Song Oo Hlaing's Facebook Acc
Photo Credit : Song Oo Hlaing's Facebook Acc

အဆိုတော် ဆောင်းဦးလှိုင်ရဲ့ ၈ ကြိမ်မြောက် နွေဦးတော်လှန်ရေး ရန်ပုံငွေဂီတပွဲကို ဝါရှင်တန် ဒီစီ မေရီလန်းမှာ အောက်တိုဘာ၉ ရက်နေ့က ပြုလုပ်ပြီး ပရိသတ် ၄၀၀ နီးပါးလာရောက် အားပေးခဲ့ကြတာပဲဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေနဲ့အတူ မြန်မာပြည်ကို ရရာနည်းနဲ့ တိုက်ပွဲဝင်နေတဲ့ လူငယ်တွေ သိဖို့ တော်လှန်ရေးသီချင်းတွေ အပါအဝင် သီချင်း အပုဒ် ၃၀ ကျော် သီဆိုခဲ့ပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Song Oo Hlaing's Facebook Acc
Photo Credit : Song Oo Hlaing's Facebook Acc

ဒီပွဲမှာ အမှတ်တရ နွေဦးတော်လှန်ရေးပစ္စည်းတွေကိုလည်း ရောင်းချခဲ့သလို အဆိုတော် ဆောင်းဦးလှိုင်ရဲ့ ဂစ်တာတစ်လက်၊ ဦးထုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံအပါအဝင် ပန်းချီကား ၆ ချပ်ကိုလည်း လေလံတင်ရောင်းချခဲ့ပြီး အလှူငွေနဲ့ ရန်ပုံငွေစုစုပေါင်း ဒေါ်လာ ၈၅၀၀၀ လောက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ရရှိလာတဲ့ ရန်ပုံငွေအားလုံးကို မြန်မာပြည် နွေဦးတော်လှန်ရေး ရှေ့တန်းမှာ ပါဝင်တိုက်ပွဲဝင်သူအားလုံးကို လှူဒါန်းသွားပါမယ်လို့ ကြေညာထားပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader

အဆိုတော်ဆောင်းဦးလှိုင်က“နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေခရီးစဉ်”လို့ အမည်ပေးထားတဲ့ တကိုယ်တော်နယ်လှည့်ဖျော်ဖြေပွဲအတွက် အရမ်းပင်ပန်းနေပေမယ့် လက်ကျန် ၂ ပွဲ ဖြစ်တဲ့ San Francisco & Dallas, Tx ပွဲစဉ်တွေကို အကောင်းဆုံး အပြီးသတ်ပေးဆပ်သွားပါမယ်တဲ့။ ဆောင်းဦးလှိုင်က အမေရိကားရဲ့ ဆောင်းရာသီရဲ့ အအေးဒဏ်ကို မခံစားနိုင်တာကြောင့် ဆောင်းတွင်းမှာလဲ မြန်မာနိုင်ငံတော်အတွက် အကောင်းဆုံးဆက်လက်ကူညီနိုင်ဖို့ သူ့မှာ အစီအစဉ်ကောင်းကောင်းရှိနေပါတယ်ဆိုပြီး သူ့ခံစားချက်ကို ပြောပြထားတာလည်း ဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် ဆောင်းဦးလှိုင်ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားတဲ့ စာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ။ 

https://s9.kh1.co/__image/w=506,h=816,q=100/dd/ddf99e815e196615ea79f02ab96e752c2637c1b7.png

Source : Song Oo Hlaing's Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T