အနုပညာလောကမှာ မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အချစ်တွေကို အခိုင်အမာရရှိထားပြီး ပြည်တွင်းပရိသတ်တွေအပြင် ပြည်ပနိုင်ငံတွေအထိ အောင်မြင်ကျော်ကြားတဲ့ မော်လ်ဒယ်မင်းသားချောလေး ပိုင်တံခွန်ပဲ ဖြစ်ပါတယ် ။ ပိုင်တံခွန်ကတော့ လူထုလှုပ်ရှားမှုတွေနဲ့ အင်တိုက်အားတိုက်နဲ့နေတိုင်းလိုလိုပါဝင်လှုပ်ရှားနေတာတွေကြောင့် တက်ကြွရဲရင့်တဲ့လူငယ်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ချီးကျူးအားပေးမှုတွေကို ရရှိနေသူလည်း ဖြစ်ပါတယ်နော် ။


သရုပ်ဆောင် ပိုင်တံခွန်ကတော့ ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရတာ ခြောက်လကျော်နေပြီ ဖြစ်ပါတယ်။ ပိုင်တံခွန်ဆိုရင် ယနေ့အချိန်ထိပြန်လည်မလွတ်မြောက်သေးတာကြောင့် သူ့ရဲ့မိသားစုဝင်တွေနဲ့ ပရိသတ်တွေလည်းစိတ်ပူပန်နေရတာပဲဖြစ်ပါတယ်။ အကျဉ်းထောင်ထဲကနေ တရားရင်ဆိုင်နေရတဲ့အတွက် ပိုင်တံခွန်ရဲ့ ပရိသတ်တွေက သူ့အတွက် စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပြီး အမြန်ဆုံး လွတ်မြောက်ဖို့အတွက်လည်း ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်။

အနုပညာလောကမှ လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုမောင်နှမများကလည်း ပိုင်တံခွန်နဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေကို သူတို့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ပြန်လည်ဝေမျှပေးလေ့ရှိကြပါတယ်။
မကြာသေးခင် နာရီပိုင်းလောက်ကလည်း ကမ္ဘောဒီးယားအလှမယ် Sothida ကလည်ရဲ့ Instagram Story မှာဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ သူငယ်ချင်းဖြစ်သူ ပိုင်တံခွန်နဲ့ training ပထမဆုံးရက်မှာ အချင်းချင်းနောက်ပြောင်ထားတာကို ရိုက်ထားတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဝေမျှရင်း အမြန်ဆုံး လွတ်မြောက်ဖို့ဆုတောင်းပေးနေတာ ဖြစ်ပါတယ်။


အောက်တိုဘာလ(၉) ရက် ညပိုင်းက ကမ္ဘောဒီယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Grand Cambodia 2021 Final Show မှာ အလှမယ် Sothida Pokimtheng ဟာ Winner ဆုကို ထိုက်တန်စွာရရှိခဲ့တာဖြစ်ပြီး သူမဟာ Grand Final စင်မြင့်ထက်ကနေ မြန်မာပြည်သူတွေနဲ့ မြန်မာ့နိုင်ငံရေးအကြောင်းကို ထပ်မံ၍ Speak out လုပ်ခဲ့တာ လည်းဖြစ်ပါတယ်။

Miss Grand Cambodia 2021 Winner ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ အလှမယ် Sothida Pokimtheng ဟာ ကမ္ဘောဒီး ယားနိုင်ငံက မင်းသမီးတစ်ဦးဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်ရုံမက ဗမာဘာသာစကားကိုပါ ပြောဆိုနိုင်တာကြောင့် မြန်မာပရိတ်သတ်များရဲ့ အားပေးမူ့ကို တခဲနက်ရရှိထားသူလည်း ဖြစ်ပါတယ်။


Sothida ဟာ ၂ဝ၁၉ ခုနှစ်က မော်ဒယ်ပိုင်တံခွန်နဲ့အတူ Cambodia Myanmar ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ The Clock Red Wall (သွေးစွန်းသောနံရံ) ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ စာချုပ်ချုပ်ဆိုခဲ့သူဖြစ်ပြီး ကမ္ဘောဒီးယား ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပြီး ရိုက်ကူးရေးအတွက်လည်း မြန်မာ ပြည်မှာ Rehearsal လုပ်ပြီးသားဖြစ်တယ်လို့ သိရပါတယ်။


ဒါ့အပြင် သူမဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားကတည်း မြန်မာ့နိုင်ငံရေး၊ မြန်မာပြည်သူများအတွက် သူမကိုယ်တိုင်အသုံးပြုတဲ့ လူမှုကွန်ရက်တွေကနေတဆင့် Speak out လုပ်ပေးခဲ့သူဖြစ်ပြီး ပိုင်တံခွန် ဖမ်းဆီးထိန်းသိမ်းခံရချိန်မှာလည်း “ ကိုပိုင် ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့် အမြန်ဆုံးလွတ်မြောက်ပါစေ။ ဘေးကင်းပါစေ” လို့ ဆုတောင်းစကားဖော်ပြခဲ့ဖူးပါတယ်။