အူဝဲ လို့ အများက ချစ်စနိုးခေါ်ကြတဲ့ နိုင်ငံကျော်မင်းသမီး အိနြ္ဒာကျော်ဇင် လို့ဆိုလိုက်တာနဲ့ မြန်မာ့ရုပ်ရှင်လောကရဲ့ ရှေ့ဆောင်လမ်းပြ အရမ်းကိုထက်မြက်လွန်းတဲ့ အနုပညာရှင်မင်းသမီးတစ်လက်လို့အားလုံးက သတ်မှတ်ထားပြီး ပရိတ်သတ်တိုင်းက ချစ်ခင်အားပေးကြတာဖြစ်ပါတယ်။ဖွေးဖွေးလို့ပြောလိုက်ရင်လည်း စီနီယာတွေကအစ ချီးကျူးရလောက်အောင်ကို တကယ်ထူးချွန်တဲ့ မင်းသမီးတစ်လက်ဖြစ်ကြောင်း သတ်မှတ်ထားကြတာဖြစ်ပါတယ်။
ပြည်သူ့မင်းသမီး နှစ်ယောက်ဖြစ်တဲ့ အိနြ္ဒာကျော်ဇင် နှင့် ဖွေးဖွေး ဆိုရင်တော့ အနုပညာလောကမှာ တကယ်ကို ထူးချွန်ကြတဲ့ အနုပညာညီအစ်မတွေလို့ ပရိတ်သတ်အားလုံးက သတ်မှတ်ထားကြတာဖြစ်ပါတယ်။သူမတို့ နှစ်ဦးစလုံးဟာ အနုပညာနှင့်ပတ်သက်လာရင် တကယ်ကို လေးစားဖွယ် အရည်အချင်းတွေနဲ့ ပြည့်နှက်နေကြတဲ့ အမျိုးသမီး နှစ်ဦးဖြစ်ပြီး ပရိတ်သတ်များရဲ့ ချစ်ခင်အားပေးမှုကို အများကြီးလက်ခံရရှိထားကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ တစ်ရက်နေ့မှစတင်ကာ အာဏာထိန်းချုပ်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် ပြည်သူ့မင်းသမီး နှစ်ဦး ဟာ နိုင်ငံရေးလှုပ်ရှားမှုများကို ပြည်သူနှင့်အတူ ဆက်တိုက်ဆိုသလို ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။အဲ့တာကြောင့်လည်း သူမတို့ နှစ်ဦးစလုံးဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် ဝရမ်းထုတ်ခံခဲ့ရပြီး လက်ရှိမှာတော့ အိနြ္ဒာကျော်ဇင် ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။ဖွေးဖွေးဟာလည်း သူမရဲ့ လုံခြုံရေးအရရှောင်တိမ်းနေခဲ့ရတာဖြစ်ပါတယ်။


လက်ရှိမှာ သူမတို့နှစ်ဦးလုံးကို ပရိတ်သတ်ကြီးက လွမ်းဆွတ်တမ်းတနေကြတာဖြစ်ပြီး ပရိတ်သတ်အားလုံးက သူမတို့ နှစ်ဦးဘေးရန်ကင်းကင်းနဲ့ ပရိတ်သတ်တွေဆီအမြန်ဆုံးပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။ဒါ့အပြင် မအူဝဲရဲ့ အမာခံပရိတ်သတ်တစ်ဦးကလည်း သူမတို့နှစ်ဦး ရဲ့ အမှတ်တရပုံလေးနှင့်အတူ ပြည်သူ့မင်းသမီးနှစ်ဦး အရင်လိုပျော်ရွှင်စွာပြန်ဆုံတွေ့နိုင်မယ့်အချိန်ကိုလွမ်းဆွတ်တမ်းတနေကြောင်းဖော်ပြလာခဲ့ပါတယ်။






