အဆိုတော်မီးမီးခဲ ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အော​က်မေ့သတိရခြင်းအတွက် အစီအစဥ်လေးတစ်ခုပြုလုပ်မယ်လို့ ဆိုလာတဲ့ Brice mmk

//s9.kh1.co/33/336953debc8c9160ab9b8992173ee22baeaac131.jpg
အနုပညာရှင်များ

 ၁၄-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၄ နှစ် က

အဆိုတော်မီးမီးခဲ ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အော​က်မေ့သတိရခြင်းအတွက် အစီအစဥ်လေးတစ်ခုပြုလုပ်မယ်လို့ ဆိုလာတဲ့ Brice mmk

အသံချိုချို သီချင်းအေးအေးလေးတွေနဲ့ ပရိတ်သတ်အချစ်ကို သိမ်းပိုက်ခဲ့တဲ့ အဆိုတော်မီးမီးခဲဟာ သူမချစ်တဲ့အနုပညာ၊ချစ်တဲ့မိသားစု၊ချစ်တဲ့ပရိတ်သတ်ကို ခွဲခွာသွားခဲ့တာ   လာမဲ့  အောက်တိုဘာ ၁၆ ရက်မှာဆိုရင် တစ်နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။

Photo Credit - Brice mmk's Facebook
Photo Credit - Brice mmk's Facebook

အဆိုတော်မီးမီးခဲချန်ထားခဲ့တဲ့အနုပညာကတော့ အခုထိရှင်သန်လျက်ရှိနေဆဲ ဖြစ်ပါတယ်။ပရိတ်သတ်များကလည်း သူမကို အခုထိသတိရနေဆဲပဲ ဖြစ်ပါတယ်။

သူမဟာ ချစ်စရာအရမ်းကောင်းတဲ့ သားနဲ့သမီးလေး ၂ယောက်ကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။သူမဟာ ကင်ဆာရောဂါကို ကြံ့ကြံ့ခိုင်ကျော်ဖြတ်ရင်းနဲ့ပဲ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Brice mmk's Facebook
Photo Credit - Brice mmk's Facebook

လာမဲ့ အောက်တိုဘာ ၁၆ ရက်နေ့မှာ အဆိုတော်မီးမီးခဲ ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အောက်မေ့သတိရခြင်းအတွက် သူမရဲ့ချစ်ခင်ပွန်းဖြစ်တဲ့  Brice mmk က သူမအတွက် အစီအစဥ်လေးတစ်ခု ပြုလုပ်ထားပြီး  သူနဲ့အတူ အားလုံးပါဝင်ဖို့အတွက်ကို  သူရဲ့  Facebook စာမျက်နှာမှာ

"ကျွန်တော့်ဇနီးရဲ့ 

တစ်နှစ်ပြည့်အောက်မေ့သတိရခြင်းနေ့အတွက် 

သီချင်းလေးတွေပြင်ဆင်ထားတာရှိပါတယ်။  

တစ်ရက်ပဲ ပြသသွားမှာဖြစ်တဲ့အတွက် ထိုနေ့ညမှာ 

ကျွန်တော်နဲ့အတူ အားလုံးပါဝင်ဖို့အတွက် 

ဖိတ်ခေါ်ပါတယ်။ ?? ''လို့ရေးသားထားပါတယ်။

Photo Credit - Brice mmk's Facebook
Photo Credit - Brice mmk's Facebook

အဆိုတော်မီးမီးခဲဟာ သူမမကွယ်လွန်ခင်အထိ ပရိတ်သတ်တွေကို  သူမရဲ့စစ်မှန်လှတဲ့ အနုပညာတွေကို ချပြခဲ့သူဖြစ်ပြီး သူမရဲ့ သီချင်းတွေဖြစ်တဲ့ အချစ်ကို သိချိန်၊ငါ့ရဲ့မျက်ဝန်းညိုဆိုတဲ့သီချင်းများဟာ ပရိတ်သတ်တွေရဲ့ ရင်ထဲမှာ အခုချိန်ထိ နေရာယူထားဆဲပင် ဖြစ်ပါတယ်။

သတင်း အရင်းအမြစ် Brice mmk

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T