မိဘမဲ့ကလေးငယ်လေးတွေ ကျောင်းကို သွားရောက်လှူဒါန်းခဲ့တဲ့ အဆိုတော် မေခလာရဲ့ ပုံရိပ်များ

//s9.kh1.co/14/141ec27e4f8a555f74a5958ac9ea2bb046e35192.jpg
အနုပညာရှင်များ

 ၁၄-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၄ နှစ် က

မိဘမဲ့ကလေးငယ်လေးတွေ ကျောင်းကို သွားရောက်လှူဒါန်းခဲ့တဲ့ အဆိုတော် မေခလာရဲ့ ပုံရိပ်များ

မနေ့က အောက်တိုဘာလ ၁၃ ရက်နေ့မှာ အဆိုတော်မေခလာက မိဘမဲ့ကလေးတွေကို ပြုစုစောင့်ရှောက်နေတဲ့ ပညာမြေကျောင်းကို တစ်နေ့စာသွားရောက် လှူဒါန်းခဲ့ကြောင်းကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတင်ထားပါတယ်။

ဒါ့အပြင် ကလေးငယ်လေးများကို မွေးဖွားကျွေးမွေးစောင့်ရှောက်ပေးဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်တာကြောင့် လက်ရှိမိဘမဲ့ကလေးလေးတွေကို တာဝန်ယူစောင့်ရှောက်ပေးနေတဲ့ ပညာမြေကျောင်းမှ ဆရာတော်ဘုရားကိုလည်း သာဓုအကြိမ်ကြိမ်ခေါ်ဆိုကြောင်း ကလေးလေးတွေကို ပြုစုစောင့်ရှောက်နေတဲ့ ညီမခိုင်နှင်းဝေကိုလည်း သာဓုအကြိမ်ကြိမ်ခေါ်ဆိုကြောင်း ဆိုထားပါတယ်။

May Khalar's Facebook
May Khalar's Facebook

သူမလက်ရှိချီထားတဲ့ သမီးလေးဆိုရင် အသက် ၅ လပြည့်သွားပြီဖြစ်ပြီး ရောက်ခါစက ချက်ကြိုးတောင်မပြတ်သေးဘဲ တောင်ငူလမ်းပေါ်မှာ စွန့်ပစ်ထားတဲ့ ကလေးလေးဖြစ်ကြောင်းပြောထားပါတယ်။ ကျောင်းမှာ သန့်ရှင်းရေးလုပ်နေကြလို့ အခြားကလေးလေးတွေကိုလည်း မတွေ့ရဘူးလို့ဆိုပါတယ်။ အဆိုတော် မေခလာ သွားရောက်လှူဒါန်းခဲ့တဲ့ ပညာမြေကျောင်းမှ ပုံရိပ်လေးများကို ဝင်ရောက် ကြည့်ရှုသွားလိုက်ကြပါဦးနော်။

May Khalar's Facebook
May Khalar's Facebook
May Khalar's Facebook
May Khalar's Facebook
May Khalar's Facebook
May Khalar's Facebook
May Khalar's Facebook
May Khalar's Facebook
May Khalar's Facebook
May Khalar's Facebook
May Khalar's Facebook
May Khalar's Facebook

အခြားသူတွေလည်း သွားရောက် လှူဒါန်းနိုင်ဖို့အတွက် သူမလှူဒါန်းခဲ့တဲ့ ပညာမြေကျောင်းရဲ့ လိပ်စာလေးကိုလည်း အခုလိုပဲရေးတင်ထားပါတယ်။ ပညာမြေကျောင်း ၊ ပုလဲမြို့သစ်၊ သင်္ကန်းကျွန်းကြီး ၊၀၉၂၆၀၀၈၇၇၈၈၊ ၀၉၄၂၀၀၃၈၁၂၁ ဖြစ်လို့ သွားရောက်လှူဒါန်းလိုသူတွေရှိရင်လည်း ဆရာတော်ဘုရားထံ တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ 

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T