နိုင်ငံကျော် စူပါမော်ဒယ် ကချင်တိုင်းရင်းသူလေး အောန်ဆိုင်းကတော့ ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့သူလေးပါ ။ သူမကတော့ သူမချစ်ရတဲ့ချစ်သူနဲ့ လက်ထပ်ပြီး နှစ်ကိုယ်တူဘဝလေးတစ်ခုကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ် ။ မကြာခင်မှာပဲ အောန်ဆိုင်း မိခင်ဘဝကိုရောက်ရှိ ပိုင်ဆိုင်ရတော့မှာ ဖြစ်ပါတယ် ။ ဒါကြောင့် အောန်ဆိုင်းက လူ့လောကထဲကို ရောက်ရှိလာတော့မယ့် ရင်သွေးလေးအတွက် ရင်ခုန်ပျော်ရွှင်နေရတာလည်း ဖြစ်ပါတယ် ။


မော်ဒယ်အောန်ဆိုင်းကတော့ လူထုလှုပ်ရှားမှုတွေပြုလုပ်တဲ့ အချိန်ကတည်းက တစ်ဖက်တစ်လမ်းကနေ ပါဝင်အားဖြည့်ခဲ့သူဖြစ်ပြီး လမ်းပေါ်မှာရှိတဲ့ အမှိုက်တွေကိုပါ ရှင်းလင်းပေးခဲ့တာ ဖြစ်ပါတယ် ။ ယခုလက်ရှိမှာ လုံခြုံအေးချမ်းတဲ့နေရာတစ်ခုကို ရောက်ရှိနေတာဖြစ်ပြီး ခင်ပွန်းဖြစ်သူနဲ့အတူ နေထိုင်နေတာ ဖြစ်ပါတယ် ။ တဖြည်းဖြည်းနဲ့ ကိုယ်ဝန်ရင့်လာပြီဖြစ်တဲ့အတွက် သူမရဲ့ခင်ပွန်းကိုယ်တိုင် လိုလေသေးမရှိ ဂရုစိုက်ပေးနေတာဖြစ်ပါတယ် ။


လတ်တလောမှာတော့ အောန်ဆိုင်းက သူမရဲ့လှုပ်ရှားမှုလေးတွေကို အမှတ်တရအနေနဲ့ လူမှုကွန်ယက်ပေါ်မှာ မကြာခဏ မျှဝေပေးလေ့ရှိတာ တွေ့ရပါတယ်။ အခုဆိုရင်လည်း အောန်ဆိုင်းက လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်လေးနဲ့ ကြွေချင်စရာကောင်းလွန်းနေတဲ့ပုံရိပ်တစ်ချို့ကို မျှဝေထားတာ ဖြစ်ပါတယ် ။ ကိုယ်ဝန်လွယ်ထားရချိန်မှာတောင် နုပျိုနေတဲ့အပြင် အရင်ကထက်တောင် ပိုလှလာပါသေးတယ်။ မကြာခင်မှာပဲ ကလေးမေမေဖြစ်တော့မယ့် စူပါမော်ဒယ်အောန်ဆိုင်းရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။





