Aryan Khan က Arbaaz ကုန်သည်ဆီမှ မူးယစ်ဆေးဝါးဝယ်ယူသုံးစွဲခဲ့ကြောင်း NCB မှပြော

//s9.kh1.co/92/92ed39990c394d975ed5eb0456413dc099d312de.jpg
အနုပညာရှင်များ

 ၁၃-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၄ နှစ် က

Aryan Khan က Arbaaz ကုန်သည်ဆီမှ မူးယစ်ဆေးဝါးဝယ်ယူသုံးစွဲခဲ့ကြောင်း NCB မှပြော

မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗျူရို (NCB ) က Aryan Khan တရားရုံးမှာ အာမခံလျှောက်ထားမှုကို ငြင်းဆန်ခဲ့ပြီး Aryan Khan ဆီမှာ မူးယစ်ဆေးဝါး လက်ဝယ် မတွေ့ရှိရုံလောက်နဲ့ အာမခံမရရှိသင့်ဘူးလို့ ပြန်လည်ချေပထားပါတယ်။ NCB ရဲ့ ပြောကြားချက်အရ Shah Rukh Khan ရဲ့ သားဖြစ်သူ Aryan Khan က Arbaaz ကုန်သည်ဆီမှ တရားမဝင် မူးယစ်ဆေးဝါးများ ဝယ်ယူအသုံးပြုခဲ့တယ်လို့ တရားရုံးကိုပြောကြာထားပါတယ်။ စုံစမ်းစစ်ဆေးနေစဉ်အတွင်း အခြားသူများထံမှ စုဆောင်းရမိတဲ့ မူးယစ်ဆေးဝါးများကို စစ်ဆေးချက်အရ တရားမဝင်ဖြန့်ဖြူးရောင်းချသူများထံမှလို့ တွေ့ရှိရပြီး Aryan Khan ကိုယ်တိုင် အဓိကကျတဲ့နေရာကနေ ပါဝင်ထားတာဖြစ်ကြောင်း အာမခံ လျှောက်ထားမှုမှာ ပြန်လည်ပြောဆိုထားပါတယ်။

Google
Google

Aryan Khan ဆီမှာ မူးယစ်ဆေးဝါးလက်ဝယ်မတွေ့ရှိခဲ့ပေမယ့် Arbaaz ကုန်သည်ဆီမှာတော့ မူးယစ်ဆေးဝါး ၆ ဂရမ်တွေ့ရှိခဲ့တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် သီးသန့်စစ်ဆေးတာမျိုးမဟုတ်ဘဲ အမှုရဲ့ ကွင်းဆက်ကို လိုက်ခဲ့တာဖြစ်ကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ ကဆိုထားပါတယ်။

NCB  အနေနဲ့ ပုဒ်မ ၂၉ အရ တရားမဝင်ဥပဒေချိုးဖောက်မှုများ ကျူးလွန်ရန် ပူးပေါင်းကြံစည်မှုမှာ ပါဝင်ခဲ့သူတွေအားလုံးရဲ့ ပတ်သတ်ချိတ်ဆက်မှုကို ပယ်ဖျက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း ပြောပါတယ်။

Google
Google

Achit Kumar နှင့် Shivraj Harijan တို့က Aryan Khan နှင့် Arbaaz ကုန်သည်တို့ ဆီက တရားမဝင်မူးယစ်ဆေးဝါးတွေ ဝယ်ယူနေကြတဲ့သူတွေဖြစ်တယ်လို့ ပြောထားပါတယ်။ Aryan Khan က Arbaaz ကုန်သည်ဆီကနေ မူးယစ်ဆေးဝါးဝယ်ပြီး သူ့သူငယ်ချင်းတွေဆီကို ပြန်လည်ဖြန့်ဖြူးပေးတဲ့ သဘောမျိုး ဆိုလိုချင်တာပါ။

စုံစမ်းစစ်ဆေးနေစဉ်အတွင်း စုဆောင်းရမိသော ပစ္စည်းများအရ Aryan Khan (A1) သည် မူးယစ်ဆေး တရားမဝင်ဝယ်ယူမှုနှင့် တရားမဝင်ဖြန့်ဖြူးခြင်းမှာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတယ်လို့ ဖော်ညွှန်းနေကြောင်း NCB က Aryan Khan ရဲ့ အာမခံလျှောက်လွှာကို ဖြေကြားထားပါတယ်။

Google
Google
https://s9.kh1.co/__image/w=650,h=488,q=100/1f/1fa3912b88510ea1c04a66beab19e5ce92a73a73.jpg

Aryan Khan အမှုကို အာမခံတင်တွင်းဖို့ အကြိမ်ကြိမ်အငြင်းခံခဲ့ရပြီး ဒီကနေ့ ဗုဒ္ဓဟူးနေ့ရဲ့ အာမခံလျှောက်ထားမှု ကြားနာခြင်းကလည်း အရမ်းကို ရလာဒ်မကောင်းခဲ့ဘူးလို့ ဆိုရမှာပါ။ ဘယ်လိုတွေ ဆက်ပြီးထပ်ဖြစ်လာမလဲ ဆိုတာကိုတော့ ထပ်မံစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ပရိသတ်တွေရော Aryan Khan ရဲ့ မိဘနှစ်ပါးရော တော်တော်လေးကို ပင်ပန်းနေကြပါပြီ။သားဖြစ်သူ Aryan Khan အဖမ်းခံခဲ့ရတဲ့ ဖြစ်စဉ်က ဖခင်ဖြစ်သူ Shah Rukh Khan အတွက် အကူအညီမဲ့ပြီး ကြေကွဲ ခံပြင်းတဲ့ခံစားချက်များ ဖြစ်စေခဲ့ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T