ထိုင်းနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တစ်ဦးဖြစ်တဲ့ Baifern Pimchanok ထိုင်းနိုင်ငံမှာရော မြန်မာနိုင်ငံမှာပါ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ ကြယ်ပွင့်လေး ဖြစ်ပါတယ် ။ တရုတ်-ထိုင်း ကပြားမင်းသမီးလေးဖြစ်တဲ့ Baifern က ချောမောလှပပြီး ပီပြင်အသက်ဝင်လွန်းတဲ့ အနုပညာအရည်အချင်းတွေကြောင့် အခုအချိန်အထိ အောင်မြင်မှုရနေတာ ဖြစ်ပါတယ် ။

"Crazy Little Thing Called Love" ဇာတ်ကားနဲ့လူသိများခဲ့တဲ့ Baifern က "Lhong Fai, The Fallen Leaf" စတဲ့ဇာတ်ကားတွေနဲ့ သရုပ်ဆောင်ဆုပေါင်းများစွာကို ဆွတ်ခူးရရှိထားသူ ဖြစ်ပါတယ်။


Baifern က TV Series, Movies, Music Videos တွေရိုက်ကူးနေရတဲ့အပြင်အနုပညာလောကထဲမှာ သြဇာလွှမ်းမိုးမှုကြီးမားတဲ့ brand endorser တစ်ယောက်လဲ ဖြစ်ပါတယ်။ သူမဟာ သွားတိုက်ဆေး၊ လေအေးပေးစက်၊ ရှန်ပူ၊ ကော်ဖီ၊ အလှကုန်၊ အဖျော်ယမကာနဲ့ တခြား ကုန်ပစ္စည်းများစွာတို့ရဲ့ မျက်နှာဖုံးလည်း ဖြစ်ပါတယ်။

Baifern ကတော့ Social Media Plat form ဖြစ်တဲ့ Instagram မှာ Follower ပေါင်း ၉ သန်းကျော် (9,020,930) နဲ့ (၈) ယောက်မြောက် Follower အများဆုံး ထိုင်းမင်းသမီးလေးဖြစ်လာခဲ့ပါတယ်။ တစ်နေ့ထက်တစ်နေ့ တိုးတက်လာခဲ့တဲ့ သူမရဲ့ popularity က သူမကိုယနေ့မှာ Thai entertainment industry ရဲ့ လူကြိုက်အများဆုံးမင်းသမီးတစ်လက်ဖြစ်စေခဲ့တာပါ။

ဒါ့ပြင် သူမရဲ့ Official Facebook page မှာ 9.6 million followers ၊ official twitter account မှာ 57.5K followers ၊ Weibo မှာလည်း 5.97million followers ၊ Tik Tok မှာ 286.8K followers နဲ့ YouTube channel လေးမှာလည်း အခုဆိုရင် followers အရေအတွက် 226K followers ထိကို အောင်မြင်နေတာပဲ ဖြစ်ပါတယ်။ Baifern ကိုချစ်တဲ့ပရိသတ်တွေကလည်း Baifern အတွက် Congratulation စကားလေးတွေ ပြောပေးခဲ့ကြပါဦး။


Source : Thai Update