အကြိမ်ပေါင်းများစွာ အနမ်းတွေပေးဖူးကြတဲ့ တောင်ကိုရီးယားမင်းသား Ji Chang Wook နှင့် Kang Ha Neul

//s9.kh1.co/f1/f187603366eb2a9e74bad5601d6c6a2800376e00.jpg
အနုပညာရှင်များ

 ၁၃-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၄ နှစ် က

အကြိမ်ပေါင်းများစွာ အနမ်းတွေပေးဖူးကြတဲ့ တောင်ကိုရီးယားမင်းသား Ji Chang Wook နှင့် Kang Ha Neul

တောင်ကိုရီးယား နာမည်ကြီးသရုပ်ဆောင်မင်းသား Ji Chang Wook နှင့် Kang Ha Neul တို့ဟာ အရမ်းကိုဆွဲဆောင်မှုရှိတဲ့ မျက်နှာလေးတွေ ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့ လူသိများတဲ့မင်းသားတွေဖြစ်ကြပါတယ်။ ဒါပေမယ့် လူတွေမသိသေးတဲ့ အချက်တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ သူတို့နှစ်ယောက်ဟာ အရမ်းကို ကြမ်းတဲ့အနမ်းတွေပေးဖူးကြတယ်ဆိုတာပါ။

lovekpop95
lovekpop95

Ji Chang Wook နှင့် Kang Ha Neul တို့ဟာ အရမ်းကို လေးနက်တဲ့အနမ်းတွေကို အကြိမ်ပေါင်းမနည်း ပေးဖူးကြပါတယ်။ သူတို့ နှစ်ယောက် အကြိမ်ပေါင်းမနည်း အနမ်းတွေပေးခဲ့တဲ့ ဂီတပြဇာတ်လေးက “Thrill Me” လို့အမည်ရတဲ့ တေးဂီတ ပြဇာတ်လေးပဲဖြစ်ပါတယ်။

Google
Google
Google
Google

ဒီကိစ္စနဲ့ပတ်သတ်ပြီး Ji Chang Wook က အခုလိုပြောထားဖူးပါတယ်။ “ ကျွန်တော် တေးဂီတ သရုပ်ဖော် ပြဇာတ် “Thrill Me” မှာပါခဲ့တုန်းက Kang Ha Neul ကို အရမ်းကို အကြမ်းအရမ်း နမ်းခဲ့မိပါတယ်။”

lovekpop95
lovekpop95

သူနဲ့ Kang Ha Neul နဲ့ “ Thrill Me” မှာနမ်းခဲ့ကြတဲ့ အကြိမ်အရေအတွက်က “Healer” ဇာတ်လမ်းထဲမှာ  Park Min Young နဲ့ နမ်းခဲ့တဲ့ အကြိမ်ထက်ကိုပိုတယ်လို့လည်း ထပ်ဆောင်းပြောထားပါသေးတယ်။

Google
Google

“Thrill Me” က ပြီးပြည့်စုံတဲ့ရာဇဝတ်မှုကို ကျူးလွန်ကြမယ့် ယောကျာ်းနှစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ တေးဂီတပြဇာတ်တစ်ခုဖြစ်ပါတယ်။ ၁၉၂၄ ခုနှစ်က ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေတည်ရိုက်ကူးထားတာဖြစ်ပြီး ဆုတွေလည်းရရှိထားတဲ့ တေးဂီတပြဇာတ်တစ်ခုဖြစ်ပါတယ်။တောင်ကိုရီးယား ပရိသတ်တွေရဲ့ အားပေးမှုတွေအများကြီးရရှိထားတဲ့ တေးဂီတပြဇာတ်လည်းဖြစ်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T